Unicode - ငွေကြေးစီမံရေးရာ ဌာနမန်နေဂျာ Liu Fang
* * *
Su Hang အား တစ်ညကြာအောင် Shen Xi လျစ်လျူရှုထားလိုက်သည်။ မနေ့ညက ဒေါ် Zhang အား Su Hang အကူညီတောင်းကာ သူမ အတွက် နောက်ပန်းစည်းတစ်ခု ထပ်ပို့ခိုင်းသည်။ သို့သော် Shen Xi ထံမှအဖြေက မာဆတ်ဆတ်ပြောလာသည့် ကျေးဇူးတင်စကားနှင့် တံခါးဆောင့်ပိတ်လိုက်သံသာ ဖြစ်သည်။ ကြည့်ရသည်မှာ သူမ ပိုစိတ်ဆိုးသွားလေသလား။ သူဘာဆက်လုပ်သင့်သနည်း။
Su Hang တစ်ယောက် စိတ်ထဲ၌ သို့လောသို့လောနှင့် စိတ်တထင့်ထင့်ဖြစ်နေခြင်းကြောင့် နောက်တစ်ညကလည်း အိပ်မပျော်သည့်ညသာ ဖြစ်သွားတော့သည်။ သို့သော် မနက်မိုးမလင်းမှီ အရုဏ်တက်ချိန်တွင် အိပ်ရာမှထကာ လှေကားထစ်ခြေရင်းနားသို့ လျှောက်သွားတော့သည်။
ထိုခံစားချက်က နာကျင်စရာကောင်းလှသည်... ဟူး။
"ကလစ်!"
ရုတ်တရက်ဆိုသလို အိမ်ရှေ့တံခါးမကြီးဖွင့်သံကြောင့် အသံလာရာဆီ Su Hang ကြည့်လိုက်သည့်အခါ ဟင်းသီးဟင်းရွက်များ အပြည့်ထည့်ထားသည့် ခြင်းတောင်းကို လက်မှကိုင်ကာ အထဲဝင်လာသည့် ဒေါ် Zhang ကို တွေ့တော့သည်။
"ဆရာ ဒီနေ့ စောလိုက်တာ။ ကျွန်မတောင် အံ့ဩသွားတယ်။"
"အင်း... ဟုတ်တယ်။ ကျွန်တော် ဒီနေ့ ခါတိုင်းထက်စောစော ပြေးမလို့။" ထို့နောက် တံခါးနားသို့ Su Hang လျှောက်လာသည်။
ဖိနပ်စင်သို့သွားကာ အပြေးလေ့ကျင့်ချိန်တိုင်း ဝတ်လေ့ရှိသည့် အားကစားဖိနပ်လဲဝတ်နေသည်ကို ဒေါ် Zhang ငေးကြောင်ကြည့်နေရင်း နောက်ဆုံး၌ မနေနိုင်ဘဲလှမ်းမေးတော့သည်။ "ဆရာ၊ အဝတ်စားရော မလဲတော့ဘူးလား။"
Su Hang ကိုယ့်ကိုယ်ကိုယ် ပြန့်ငုံ့ကြည့်ချိန်မှသာ အပြာရောင်ရေချိုးဝတ်ရုံ ဝတ်ထားဆဲဖြစ်သည်ကို သတိထားမိတော့သည်။ အရှက်ပြေ ချောင်းတစ်ချက်ဟန့်ပြီးနောက် အဝတ်စားလဲရန်အတွက် အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။
Su Hang ၏ နောက်ကျောကို ဒေါ် Zhang ကြည့်ပြီးနောက် တစပ်တည်းမှာပင် အပေါ်သို့လှမ်းကြည့်မိသွားသည့်အခါ သူမ သက်ပြင်းချမိတော့သည်။
YOU ARE READING
ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅
Romanceမူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) မူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) https://edi...