အခန်း (၅၂)

6.5K 711 22
                                    

Unicode - ဒိုင်ယာရီစာအုပ်၏အဆုံးသတ်

* * *

နှစ်သစ်ကူးနေ့ရောက်သည့်အခါ Su Hang မနက်စောစောနိုးလာသည်။ Shen မားမားပြောခဲ့သည့်စကားများကို အလေးအနက်မှတ်ယူကာ မနေ့ညက သူအိပ်ရာစောစောဝင်ခဲ့သည်။ မနက်နိုးသည့်အခါ အိပ်နေဆဲဖြစ်သည့် Shen Xi ၏မျက်နှာပေါ်သို့ နူးညံ့သည့် မနက်ခင်းအနမ်းတစ်ပွင့် ပေးပြီးနောက် Su Hang အိပ်ရာမှထကာ အဝတ်အစားလဲလိုက်သည်။

"Mr. Su ၊ Happy New Year" ခြံထဲ၌ လမ်းလျှောက်နေသည့် Su Hang ကို အိမ်အကူတစ်ယောက်မှ ပြုံးပြနှုတ်ဆက်လာသည်။

" Happy New Year" စိတ်ကြည်နေသည့် Su Hang လည်း ခေါင်းငြိမ့်ပြကာ ပြန်နှုတ်ဆက်သည်။

Shen မားမားက Su Hang ကို မနက်စောစော အိပ်ရာထရန်ပြောခဲ့သော်လည်း သူမ ကိုယ်တိုင်ပင်လျှင် မနက်စာစားရန် နာရီဝက်အလိုမှသာ အိပ်ရာနိုးလာသည်။ Su Hang လမ်းလျှောက်ပြီး၍ အိမ်ထဲသို့ဝင်လာသည့်အခါ ဧည့်ခန်းထဲ၌ထိုင်နေကြသည့် Shen ပါးပါးနှင့် Shen မားမားတို့ကိုတွေ့တော့သည်။ Shen မားမားထံမှ ရယ်သံလေးထွက်လာပြီး "ဒီနေ့ မင်းစောစောထတယ်လို့ ကြားတယ်။"

"နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ စောစောထတာက ကံကောင်းမှုတွေ ယူဆောင်လာပေးနိုင်လို့ပါ။" Su Hang ပြုံးပြရင်း ပြန်ဖြေလိုက်သည်။

သူ့စကားကြားသည့်အခါ Shen မားမားလည်း စိတ်ပျော်သွားသည်။ သို့သော် တစ်ချိန်တည်းမှာပင် စိုးရိမ်စိတ်များ ဝင်လာရသဖြင့် "မင်း မနေ့ကမှ ဆေးရုံဆင်းတာ မဟုတ်လား၊ အဲဒါကို မနေ့ညက ညဉ့်နက်အထိ နေသေးတယ်၊ အခုလည်း မနက်အစောကြီးထတယ်ဆိုတော့ မပင်ပန်းဘူးလား။"

"ကျွန်တော် မပင်ပန်းပါဘူး။ ပြီးတော့ ဒီမနက်ခင်းလေတွေက အရမ်းလတ်ဆတ်ပြီး ကျွန်တော့စိတ်ကို လန်းဆန်းသွားစေတယ်။"

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီကွယ်။" Shen မားမားက ကြည်နူးဝမ်းသာစွာ ပြောလာပြီးနောက် အိပ်ကပ်ထဲမှ စာအိတ်အနီတစ်ခုကိုထုတ်ကာ Su Hang ထံ လှမ်းပေးလိုက်သည်။ "ရော့... ဒီမှာ၊ မင်းအတွက် နှစ်ကူးအန်ပေါင်း။"

Su Hang ကြောင်သွားရကာ မည်သို့ပြန်တုံ့ပြန်ရမည်ကိုမသိ ဖြစ်သွားသည်။

ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅Where stories live. Discover now