အခန်း (၂.၃) - Bonus

7.7K 941 19
                                    

Unicode

နောက်တစ်နေ့ နံနက်ရောက်သည့်အခါ

Shen Xi အိပ်ရာမှနိုးသည်နှင့် ပထမဆုံးလုပ်မိသည့်အရာမှာ ဖုန်းထဲမှ ပြက္ခဒိန်ကိုကြည့်ခြင်းပင် ဖြစ်သည်။

နိုဝင်ဘာ ၆ရက်၊ ၂၀၁၇ခုနှစ်

ထိုနေ့စွဲက လွန်ခဲ့သည့် ငါးနှစ်ကအချိန်ပင် ဖြစ်နေသေးသည်။ လက်ထဲမှဖုန်းကို ပြန်ချထားလိုက်ပြီးနောက် မှန်ပြတင်းများကို ကာထားသည့် လိုက်ကာထူထူကြီးများကို သူမ ဆွဲဖွင့်လိုက်သည်။

အပြင်ဘက်၌ ရာသီဥတုကောင်းမွန်နေကာ ညက အရှိန်ကောင်းကောင်းနှင့် ရွာချထားသည့်မိုးကြောင့် ပျံ့လွင့်လာသည့် မြေနံ့သင်းသင်းကလေးနှင့်အတူ မနက်ခင်း၏လက်ဆတ်သည့် လေပြည်လေညင်းတို့ကို ရှူရှိုက်လိုက်ရသဖြင့် သူမ တစ်ကိုယ်လုံး လန်းဆန်းပေါ့ပါးကာ စိတ်ကျေနပ်သွားသည်။

မနေ့ညက အိပ်ရာမဝင်ခင် သူမ ဆုံးဖြတ်ချက်တစ်ခု ချထားခဲ့သည်။ အကယ်၍ နောက်တစ်နေ့မနက်၌ ၂၀၁၇ ခုနှစ်၌ပင် သူမ အိပ်ရာထခဲ့မည်ဆိုပါက ယခုဖြစ်ပျက်နေသည့် အခြေအနေအားလုံးကို အမှန်တရားဟုယူဆကာ သူမ လက်ခံလိုက်မည်။

သူမ အနေဖြင့် ပြန်လည်မွေးဖွားလာသည်ဖြစ်စေ၊ အနာဂတ်ကိုကြိုမြင်ခဲ့သည် ဟူ၍ဖြစ်စေ Su Hang နှင့် အသစ်တစ်ဖန်ပြန်စမည် ဖြစ်သည့်အပြင် အနည်းဆုံးတော့...

ဒုတိယထပ်ရှိ သူမ အိပ်ခန်းထဲမှ အောက်ဘက်ကိုငုံကြည့်လိုက်သည့်အခါ အနောက်ဘက်ခြံထဲ၌ ခွေးကလေးတစ်ကောင်နှင့် ပျော်ရွှင်စွာ ဆော့ကစားနေသည့် Su Hang ကို သူမ မြင်လိုက်ရသဖြင့် ခပ်တိုးတိုးရေရွတ်လိုက်သည်မှာ

"အနည်းဆုံးတော့ အဖြေမှန်ကို ငါရှာဖွေရမယ်။ ငါ့ခေါင်းထဲမှာရှိနေတဲ့ မှတ်ဉာဏ်တွေထဲက အဖြစ်အပျက်တွေနဲ့ သူ တကယ်ချစ်နေခဲ့ရတဲ့သူက ... ငါကိုယ်တိုင်ပဲလား ဆိုတာကို သိအောင်လုပ်မယ်။"

အပြာနုရောင် အားကစားအင်္ကျီဝတ်ထားသည့် Su Hang တစ်ယောက် လက်ထဲမှဘောလုံးကို ပစ်ရင်း အလုပ်များနေသည်။ သူဘောလုံးပစ်လိုက်သည်နှင့် အနားမှ ခွေးကလေးက ထိုဘောလုံးနောက်သို့ တကောက်ကောက် ပြေးလိုက်သွားသည်။

ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅Opowieści tętniące życiem. Odkryj je teraz