Unicode
ကွာရှင်းရန်ပြင်နေသည့် Su Hang က လက်ထပ်ထားသည့် Su Hang ၏ ကိုယ်ထဲသို့ဝင်ရောက်သွားခြင်း (၄)
* * *
မနက် ၇:၄၀
ဒေါ် Zhang ကသေသေချာချာ ချက်ပြုတ်ထားသည့် မနက်စာကိုကိုင်ထားပြီး သူမ၏ တစ်ဖက်တစ်ချက်၌မူ အမြွာကောင်းလေးနှစ်ယောက်တို့ လိုက်ပါလာကြသည်။ မနေ့ညက သူမကို အိမ်ပြန်စေကာ ကလေးနှစ်ယောက်ကို Su Hang သွားကြည့်ခိုင်းသည်။
ဒေါ် Zhang လည်း သဘောတူကာ ညကအိမ်၌ ကလေးများကို Li QingYuan နှင့်အတူ ညအိပ်စောင့်ပေးခဲ့သည်။ ဆေးရုံတွင်ရှိနေသည့် မိခင်ကို ZuoZuo နှင့် YouYou တို့ သွားကြည့်နိုင်ရန် ယခု Li QingYuan က ဆေးရုံသို့မောင်းပို့ပေးခြင်းဖြစ်သည်။
"မေမေ"
"မေမေ!"
ZuoZuo နှင့် YouYou တို့က မိခင်ဖြစ်သူ၏အခန်းနံပါတ်ကိုတွေ့သည်နှင့် တံခါးကိုတွန်းဖွင့်ကာ အထဲသို့ပြေးဝင်သွားတော့သည်။ မနေ့က လန့်ဖျပ်စိုးရိမ်နေသည့် အကြည့်တို့ဖြင့် ဖခင်က မိခင်ဖြစ်သူကို အပြင်သို့ခေါ်သွားပြီး တစ်ညလုံးပြန်ရောက်မလာတော့ပေ။ ထို့ကြောင့် ကလေးနှစ်ယောက်က ရင်ထဲ၌စိုးရိမ်စိတ်ကလေး ကိုယ်စီနှင့်ဖြစ်နေကြသည်။
မိခင်ဖြစ်သူက သူတို့နှစ်ယောက်က်အတွက် ညီမလေးမွေးပေးရန် ဆေးရုံသို့သွားရခြင်းဖြစ်ကြောင်းကို အန်ကယ်လ် Li က ရှင်းပြသော်လည်း စိုးရိမ်နေဆဲကြပင်ဖြစ်သည်။ မိခင်ဖြစ်သူကို တစ်ညလုံးမတွေ့ရဘဲ ရုတ်တရက်ခွဲခွာလိုက်ရသည် မဟုတ်ပါလား။
"ZuoZuo, YouYou." တစ်ညလုံး အနားယူအနားယူပြီးသည့်အခါ Shen Xi သက်သာလာပြီဖြစ်သည်။
"မေမေ ဘယ်လိုနေလဲ။" မျက်မှောင်လေးကြုတ်ထားသည့် ZuoZuo ၏ မျက်နှာသေးသေးလေးက စိတ်သောကရောက်နေသည်မှာ ပေါ်လွင်နေသည်။
"မေမေက အဆင်ပြေပါတယ်၊ နောက်နှစ်ရက်ဆိုရင် အိမ်ပြန်လို့ရပြီ။" Shen Xi ပြုံးရင် ပြန်ဖြေသည်။
"မေမေ သားတို့ရဲ့ ညီမလေးက ဘယ်မှာလဲ။" YouYou မေးလိုက်သည်။ မနေ့က မေမေ့ဗိုက်ထဲမှ ညီမလေးထွက်လာပြီဟူ၍ အန်ကယ်လ် Li နှင့် ဘွားဘွား Zhang တို့နှစ်ယောက်လုံးက ပြောပြထားကြသည်။
YOU ARE READING
ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅
Romanceမူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) မူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) https://edi...