Unicode - လက်ကောက်ပြန်ယူခြင်း
* * *
မနေ့ညက ထိုဇနီးမောင်နှံနှစ်ယောက် ရိုးသားစွာ အိပ်ရာစောစောဝင်ခဲ့ကြသော်လည်း နောက်တစ်နေ့၌ Shen Xi အိပ်ရာထချိန် နောက်ကျပြန်သည်။ ဤသည်မှာ မနေ့ညက လူတစ်ယောက်မှ သေမင်းကိုစိန်ခေါ်လိုသည့်အတွက် အိမ်အပြင်ဘက် လေစိမ်းများတိုက်သည့်နေရာတွင် ဆယ်မိနစ်ကျော်ကြာအောင် သူမ ကို နေခိုင်းလိုက်၍ ဖြစ်သည်။
"ဟပ်ချိုး!" Shen Xi သူမ နှာခေါင်းကို တစ်သျှူးဖြင့် ကမန်းကတန်းဆွဲအုပ်လိုက်ရသည်။
"ဒါ ကိုယ့်အမှားပါ။" နီရဲနေပြီဖြစ်သည့် သူမ၏ နှာနုဖျားလေးကို Su Hang တွေ့သည့်အခါ အတော်လေးစိတ်မကောင်းဖြစ်သွားရပြီး စိတ်ထဲ၌ မိမိကိုယ်ကို ကျိန်ဆဲနေမိပြန်တော့သည်။ Shen Xi ကိုဖက်ရင်း မနေ့ညက မည်သည့်အတွက်ကြောင့် အိမ်အပြင်၌ အချိန်ကြာမြင့်စွာ ရပ်နေခဲ့ရပါသနည်း။ သို့တိုင်အောင် Shen Xi က အေးခဲနေသည့် ရာသီဥတုအခြေအနေတွင် ဘာမှပြန်မပြောပါဘဲနှင့် သူ့ဆန္ဒအတိုင်းလိုက်လျောပေးခဲ့သည်...
"ဒါလေးက ဘာမှမဟုတ်ပါဘူး။ နောက်ရက်တွေကြာရင် ကောင်းသွားတော့မှာပါ။" Shen Xi သူ့ကို နှစ်သိမ့်စကားဆိုကာ "ရှင် အလုပ်သွားတော့လေ။"
ရှင်ဆီက တစ်ညလုံး သင်တန်းပေးခံရတာထက် ကိုယ့်ဘာသာကိုယ်ပဲ နေမကောင်းအဖြစ်ခံလိုက်မယ်...ဟွန့်။
သူမ နောက်ကျောကို နှိပ်ရင်း Shen Xi စိတ်ထဲ၌တွေးနေခြင်း ဖြစ်သည်။
Su Hang လညိး အချိန်ကြည့်လိုက်သည်။ အကယ်၍ ယခု သူ မသွားလျှင် နောက်ကျတော့မည်ဖြစ်၍ သူမ ကို နှုတ်ဆက်အနမ်းပေးလိုက်သည်။ သို့သော် Shen Xi က သူ့ထက်အရင်ဦးအောင် လှမ်းရှောင်သွားသည်။
ဇနီးဖြစ်သူကိုကြည့်ရင်း Su Hang အမှားလုပ်မိသလိုမျိုး ခံစားသွားရသည်။
ညိုးငယ်ကျသွားသည့် သူ၏မျက်နှာကြောင့် Shen Xi ဆွံ့အသွားရကာ "ကျွန်မ က အခု အအေးမိနေတာလေ။ ရှင့်ကို ကူးသွားမှာစိုးရိမ်လို့ပေါ့။"
"ကိစ္စမရှိပါဘူး။" Shen Xi ရှောင်နေသည့်တိုင်အောင် Su Hang က သူမ ကို နမ်းရန်ကြိုးစားဆဲဖြစ်သည်။ "ကိုယ့်ကို ကူးခိုင်းလိုက်။ ဒါမှ မင်းမြန်မြန် သက်သာလာမှာ။"
YOU ARE READING
ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅
Romanceမူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) မူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) https://edi...