Unicode
***
ဟောင်ကောင်မှ Su Hang ပြန်ရောက်လာသည်မှာ နှစ်ရက် သုံးရက်ရှိနေပြီဖြစ်သော်လည်း ထမင်းစားချိန်များမှလွဲ၍ ကျန်အချိန်များတွင် စာကြည့်ခန်းထဲ၌သာ အချိန်ကုန်လေ့ရှိသည်။ ထို့ကြောင့် Shen Xi ကိုယ်တိုင်ပင် အနည်းငယ်ဇဝေဇဝါဖြစ်သွားရသည်။
အကယ်၍ ယခုကဲ့သို့ အလုပ်များနေပါက ကုမ္ပဏီသို့သွား၍ အလုပ်သွားလုပ်သင့်သည် မဟုတ်လား။
ထို့ကြောင့် နောက်တစ်နေ့၌ မနက်စာစားပြီးသည့်အခါ စာကြည့်ခန်းထဲသို့ သွားရန်ပြင်နေသည့် Su Hang ကို တွေ့သည့်အခါ Shen Xi မနေနိုင်တော့ဘဲ မေးမိတော့သည်။
"အခု ရှင်အရမ်း အလုပ်များနေတာလား။"
"သိပ်တော့ မများပါဘူး။"
ခဏလောက်စဉ်းစားပြီးသည့်အခါ Su Hang အဖြေပေးလိုက်ခြင်း ဖြစ်သည်။
"ဒီရက်ပိုင်းတွေမှာ စာကြည့်ခန်းထဲကနေ ရှင်မထွက်လာဘဲ တစ်ချိန်လုံး အလုပ်လုပ်နေတယ်လို့ ကျွန်မ ထင်တာပဲ။ ဒီလောက် အလုပ်များနေရင် ကုမ္ပဏီသွားပြီး အလုပ်လုပ်တာက ပိုကောင်းတယ် မဟုတ်ဘူးလား။"
"ကြိုးစားသည်းခံပြီးတော့ လုပ်လို့ရပါတယ်။"
Su Hang အသံလေးက အမှားလုပ်ထားမိ၍ ကြိုးစားဖြေရှင်းနေပုံနှင့် တူနေလေသည်။
"ဟင်..."
"ကုမ္ပဏီသွားဖို့အထိ မလိုပါဘူး။"
နောက်ထပ်တစ်ကြိမ် Su Hang ထပ်ဖြေရှင်းပြန်သည်။
Su Hang ကိုကြည့်မိသည့်အခါ Shen Xi အံသြသွားသည်။ သူမ အမြင်မှား၍လားတော့မသိ၊ စောစောက Su Hang ၏ မျက်လုံးများမှာ Chu Wu နှင့် လုံးဝ ချွတ်စွပ်တူနေသည်။
"အို...ခေ"
ဘာကြောင့်မှန်းမသိ သူမ ရင်ထဲ၌ အနည်းငယ် အပြစ်ရှိသလို ခံစားမိသွားသည်။ အခြားသူတစ်ယောက်အား အနိုင်ကျင့်လိုက်သည့် လူတစ်ယောက်ကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးမိသည်။
Su Hang မှာ နှုတ်ခမ်းနှစ်ဖက်ကို စေ့ကာ ထိုနေရာ၌ ငူငူငိုင်ငိုင်ရပ်နေသည်။ စောစောက စာကြည့်ခန်းသို့သွားရန် စဉ်းစားထားသော်လည်း Shen Xi စကားကြားပြီးသည့်နောက် လုံးဝသွားလိုစိတ် မရှိတော့ပေ။
VOCÊ ESTÁ LENDO
ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅
Romanceမူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) မူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) https://edi...