Unicode - လက်ဆောင်ပေးတဲ့သူက ရှင်သာဆိုရင်...
* * *
ခြံရှေ့သို့ ကားရပ်လိုက်သည့်အခါ ကားစက်သံကို ဧည့်ခန်းထဲ၌ရှိနေသည့် Chu Wu ကြားသွားသည်။ ပျော်ရွှင်မြူးထူးနေသည့် Chu Wu မှာ အိမ်ပြင်သို့ပြေးထွက်လာပြီး ကားမှန်တံခါးတွင် ခြေဖျားလေးထောက်ကာ ခုန်ပေါက်နေတော့သည်။
ချစ်စရာကောင်းလွန်းလှသည့် Chu Wu ၏ အပြုအမူကြောင့် Shen Xi မနေသာတော့ဘဲ ကားမှန်တံခါးကို အသာအယာပြန်ခေါက်၍ အသံပေးလိုက်သည်။ ထို့နောက် ကားပေါ်မှဆင်းတော့မည်ဖြစ်ကြောင်းကို Chu Wu မြင်နိုင်ရန် ကားတံခါးကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ ရုတ်တရက်အား,ဖြင့် တွန်းဖွင့်လိုက်ပါက Chu Wu အထိနာသွားမည်ကို စိုးရိမ်နေသည့်အတွက် ဖြစ်သည်။
အကင်းပါးသည့် Chu Wu မှာ တံခါးပွင့်လာသည့်အခါ အမြီးလေးတနှံ့နှံ့ဖြင့် နောက်ပြန်ဆုတ်သွားသည်။ Shen Xi ကားပေါ်မှ ဆင်းလာသည်နှင့်ချက်ချင်း သူမ ဆီသို့ လှမ်းခုန်တော့သည်။ Shen Xi တစ်ယောက် Chu Wu ခေါင်းကို ခပ်ဖွဖွကလေးသပ်ရင်း သူမတို့အနားလျှောက်လာသည့် Su Hang အားလှည့်ကြည့်ကာ
"သူ့ကြည့်ရတာ ကျွန်မကို တော်တော်ခင်ပုံပဲ။"
Shen Xi ရင်ခွင်ထဲသို့ ခေါင်းဝှေ့တိုးဝင်နေသည့် Chu Wu အား Su Hang ကြည့်ရင်း သူ၏နှုတ်ခမ်းများက မသိမသာစုဝိုင်းသွားသည်။ Su Hang ထိုင်ချလိုက်ပြီးနောက် Chu Wu ၏ လည်ပတ်ကိုဆွဲကာ Shen Xi ရင်ခွင်ထဲမှ ဆွဲထုတ်လိုက်သည်။
"ဖြည်းဖြည်းလုပ်ပါ။"
Chu Wu အား Su Hang အတင်းဆွဲခေါ်သွားသည်ကို မြင်သည့်အခါ Shen Xi မနေနိုင်ဘဲ လှမ်းပြောလိုက်သည်။
"..."
လျှာကလေးထုတ်ကာ ပျော်ရွှင်စွာခုန်ပေါက်ရင်း အလိုက်ကန်းဆိုးနားမလည်သည့် ထိုခွေးကလေးကို Su Hang ကြည့်ရင်း သူ့အား အိမ်တွင် ဆက်ထားရန်ဆုံးဖြတ်ခဲ့ခြင်းကို အနည်းငယ်နောင်တရသွားသကဲ့သို့ပင် ခံစားမိတော့သည်။
နှစ်ယောက်သား အိမ်ထဲသို့ဝင်သွားရင်း ဧည့်ခန်းထဲသို့လျှောက်သွားသည်။ အပြင်ဘက်မှ လှုပ်ရှားသံများကြောင့် မီးဖိုချောင်ထဲမှ ဒေါ် Zhang ထွက်လာပြီး အိမ်သို့ နှစ်ယောက်သားတူတူပြန်လာဖြစ်ကြသည့် Shen Xi နှင့် Su Hang တို့ကိုတွေ့သည့်အခါ ဝမ်းသာကြည်နူးသွားတော့သည်။
YOU ARE READING
ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅
Romanceမူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) မူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) https://edi...