အခန်း (၆)

6.9K 844 16
                                    

Unicode

***

နောက်တစ်နေ့ မနက် ၈ နာရီရောက်သည့်အခါ သူမတို့နှစ်ယောက် ထမင်းစားပွဲတွင်ထိုင်ရင်း မနက်စာ စားဖြစ်ကြသည်။ အဆာပြေစားပြီးကြသည့်အခါ Su Hang ရုတ်တရက် စကားစလာသည်။

"Shen Xi ၊ ဒီနေ့ အလုပ်ကိစ္စနဲ့ ငါခရီးထွက်ဖို့ရှိတယ်။"

"ခရီးထွက်မယ် ဟုတ်လား။"

သူ့စကားကြောင့် Shen Xi အံ့ဩသွားရသည်။

"ဟောင်ကောင်ကို အလုပ်ကိစ္စနဲ့ သွားစရာရှိတယ်။"

Su Hang ရှင်းပြလိုက်သည်။

"ဟင်...ဒါဆို လေယာဉ်လက်မှတ်ရော ဖြတ်ပြီးပြီလား။"

"အင်း"

Su Hang ခေါင်းညိတ်ပြသည်။

ယခင်ဘ၀တုန်းက Su Hang ထိုသို့ပြောခဲ့ဖူးသည်လားဆိုသည်ကို စဥ်းစားကြည့်သော်လည်း သူမ လုံး၀မမှတ်မိပေ။

Su Hang နှင့် အတူရှိနေခဲ့ဖူးသမျှအချိန်တိုင်းက သူမ အတွက် အနေရခက်စေသည့် အဖြစ်အပျက်မျိုးဖြစ်သည်။ ထို့ကြောင့် အကယ်၍သာ ထိုကဲ့သို့ ကိစ္စများဖြစ်ခဲ့ပါက သူမ သေချာပေါက် မှတ်မိနေမည်သာ ဖြစ်သည်။

သို့သော် ယခု အခြေအနေက အနည်းငယ် ထူးဆန်းနေသည်ဟု Shen Xi ထင်မိသည်။ အလုပ်ကိစ္စအတွက် ပူပူနွေးနွေး လက်ထပ်ထားသည့် ဇနီးသည်အား မင်္ဂလာပွဲပြီးသည့်နောက်တစ်နေ့တွင် တစ်ယောက်တည်းချန်ထားရစ်ခဲ့သည်။ သူ၏ အပြုအမူကြောင့် သူမ အား Su Hang အမှန်တကယ်ချစ်လေသလားဟူသည့် သံသယစိတ်များ၀င်လာသည်။

သို့သော် 'အမျိုးသမီးကောင်းတို့သည် ဟီရိသြတ္တပတရား လက်ကိုင်ထားအပ်သည်' ဟူ၍ အစချီကာ သွန်သင်ဆုံးမထားခဲ့သည့် လူကြီးမိဘများ၏ ဆိုရိုးစကားများကြောင့် မိန်းမသားတစ်ယောက်၏ ဂုဏ်သိက္ခာတို့ကို ငဲ့ကွက်ရဦးမည်ဖြစ်ရာ ထိုမေးခွန်းကို သူ့အား တိုက်ရိုက်မေးရန်မှာ လုံး၀ မဖြစ်နိုင်ပေ။

နောက်တစ်ချက်ဖြစ်နိုင်သည်မှာ ဤအလုပ်ကိစ္စကို ယခင်ကတည်းကပင် Su Hang ကြိုတင်ချိန်းဆိုထားခဲ့ခြင်းဖြစ်ပြီး သူမတို့ မင်္ဂလာပွဲကို အလောတကြီး စီစဉ်လိုက်ရသည့်အတွက် ယခုကဲ့သို့ တိုက်ဆိုင်သွားခြင်းလည်း ဖြစ်နိုင်သည်။

ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅Donde viven las historias. Descúbrelo ahora