အခန်း (၃၃)

5.5K 639 20
                                    

Unicode - အချစ်၏စွမ်းအား

* * *

နောက်တစ်နေ့ရောက်သည့်အခါ မနေ့ညက တစ်ညလုံးအိပ်မပျော်သည့် Su Hang တစ်ယောက် အိပ်ရာထလာသည်။ ကိုယ်လက်သန့်စင်ကာ အဝတ်စားလဲပြီးနောက် အခန်းထဲမှထွက်လာကာ ဧည့်ခန်းထဲသို့လျှောက်သွားရင်း ဒုတိယထပ်သို့ Su Hang မော့ကြည့်လိုက်သည်။ ခါတိုင်းဆိုလျှင် ဤအချိန်ရောက်တိုင်း သူနှင့်အတူ မနက်အပြေးလေ့ကျင့်ရန် Shen Xi ဆင်းလာပြီဖြစ်သည်။

"ဂွတ်မောနင်းပါ ဆရာ။" Chu Wu ၏ အစာခွက်ကိုကိုင်ကာ ဒေါ် Zhang မီးဖိုချောင်ထဲမှ ထွက်လာသည်။

"အင်း၊ မောနင်း။" Su Hang ချက်ချင်း ကိုယ်ဟန်အနေထားပြောင်းကာ မျက်နှာတည်ဖြင့် ပြန်ဖြေလိုက်သည်။

ဒေါ် Zhang ထွက်သွားချိန်၌ Su Hang ၏ အကြည့်များက ဒုတိယထပ်ပေါ်သို့ပြန်ရောက်သွားကာ လှေကားမှမခွာနိုင်အောင် ဖြစ်နေသည်။ ထိုနေရာ၌ မည်သူမှမရှိသော်လည်း သူ၏ မျက်ဝန်းများကမူ လုံးဝအကြည့်မလွှဲလိုသေးပေ။

မနက်စာကို ပျော်ရွှင်စွာဖြင့် အားပါးတရ Chu Wu စားနေသည်ကို ဒေါ် Zhang ရပ်စောင့်ရင်း ၁၅မိနစ်ခန့်ကြာပြီးသည့်အခါ အစာခွက်ကိုကိုင်လျက် အိမ်ထဲပြန်ဝင်လာသည်။ သို့သော် Su Hang ကမူ စောစောက နေရာ၌ပင် မလှုပ်မယှက်ရပ်နေဆဲဖြစ်သည်။ ကြည့်ရသည်မှာ တစ်လက်မခန့်ပင် ရွေ့ပုံမပေါ်သဖြင့် ဒေါ် Zhang မေးမိတော့သည်။ "ဆရာ ဒီနေ့ အပြေးလေ့မကျင့်တော့ဘူးလား။"

"သွားမှာပါ။" Su Hang သက်ပြင်းချကာ လေးတိလေးကန်ခြေလှမ်းများဖြင့် တံခါးဝရှိရာသို့ လျှောက်သွားတော့သည်။ အိမ်ရှေ့တံခါးမကြီးနားသို့ ရောက်သည့်အခါ ဟန်မဆောင်နိုင်ဘဲ နောက်သို့သမင်လည်ပြန် လှည့်ကြည့်မိပြန်သည်။ သို့သော် လှေကားထစ်ပေါ်၌ မည်သည့်အရိပ်အယောင်မျှ မတွေ့ရပေ။ အထီးကျန်သနားစရာကောင်းနေသည့် Su Hang တစ်ယောက် ရွေးချယ်စရာမရှိတော့ဘဲ တစ်ယောက်တည်းအပြေးလေ့ကျင့် ရတော့သည်။

မနက်တိုင်းအပြေးလေ့ကျင့်သည့် လမ်းကြောင်းမှာ အိမ့်ရှေ့မှ ဘယ်ချိုးကာ ဂျင်ကိုသစ်ပင်လမ်းကြားရှိရာ တောင်ပေါ်ဘက်ဖြစ်သည်။ သို့သော် ယနေ့မူ Su Hang လမ်းကြောင်းပြောင်းကာ ညာဘက်ချိုး၍ တောင်အောက်ဆင်းသွားသည်။ ထိုလမ်းကြောတွင် ပန်းဆိုင်လေးတစ်ဆိုင်ဖွင့်ထားသည်ကို Su Hang ခပ်ရေးရေးလေးမှတ်မိနေသည်။

ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅Where stories live. Discover now