အခန်း (၂. ၂) - Bonus

8.1K 1K 55
                                    

Unicode

"အင်း"

ရှော့ခ် အကြီးအကျယ်ရသွားပြီးနောက် အခြေနေအားလုံးကို အနည်းငယ်နားလည်သွားသည့် Shen Xi မှာ Su Hang နှင့် တွေ့သည့်အခါ ယခင်ကဲ့သို့ သိပ်နေရမခက်တော့ဘဲ ပို၍သက်သောင့်သက်သာရှိလာသကဲ့သို့ ခံစားမိသည်။

သူမ ဖြတ်သန်းခဲ့ရသည့် ငါးနှစ်တာအချိန်ကာလက အိပ်မက်ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ယခု ပစ္စုပ္ပန်တွင်ရှိနေသည့် သူမ အနေဖြင့် ထိုအဖြစ်အပျက်များအားလုံးကို ကြုံတွေ့ခံစား ဖြတ်သန်းခဲ့ရပြီး ဖြစ်သည်။

သူမတို့နှစ်ယောက်လုံးက အကြောင်းပြချက်ကိုယ်စီဖြင့် ကိုယ့်အကျိုးအတွက် လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း သူနှင့်အတူ အိမ်ထောင်သက် ငါးနှစ်တာကျော်ဖြတ်ခဲ့ပြီဖြစ်၍ ယခုကဲ့သို့ စိုးရိမ်ရှက်ရွံ့မှု၊ အနေရခက်မှုတို့နှင့်အတူ ကိုးရိုးကားရားနိုင်ခဲ့သည့် သူမတို့၏မင်္ဂလာဦးညလေးက Shen Xi အတွက် အတိတ်မှကိစ္စတစ်ခုပင် ဖြစ်တော့သည်။

"အိုး"

မီးဖိုချောင်ထဲသို့ သူမ ဝင်လာနိုင်ရန်အတွက် Su Hang ကိုယ်ကို စောင်းလိုက်ကာ ဘေးဖယ်လိုက်သည်။

Shen Xi မီးဖိုချောင်ထဲ ရောက်သည့်အခါ သူမ အတွေးထဲတွင် လုံးဝတရင်းတနှီးရှိနေသည့် ထမင်းစားခန်းအလယ်မှ စားပွဲခုံကြီးနှင့်အတူ ထိုခုံပေါ်တင်ထားသည့် လျှပ်စစ်ရေနွေးကရားအိုးကိုပါ တွေ့လိုက်ရသည်။

စားပွဲနားသို့သွား၍ ထိုရေနွေးအိုးကို ထိကြည့်သည့်အခါ သူမ မှန်းထားသည့်အတိုင်းပင် ကိုယ်ထည်က အေးစက်နေပြီ ဖြစ်သည်။

အရင်က သူမ လုပ်နေကြအတိုင်း ထိုအိုးကို ကောက်ယူလိုက်ပြီးနောက် မိုက်ခရိုဝေ့အနားရှိ မီးပလပ်ခုံတွင် ကြိုးထိုး၍ ရေနွေးတည်ရန် အိုးပေါ်မှ ခလုတ်နှိပ်လိုက်တော့သည်။

  
ရေနွေးဆူရန် မိနစ်အနည်းငယ်စောင့်ရဦးမည် ဖြစ်၍ အခန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုလိုက်သည့်အခါ စားပွဲပေါ်မှ အဖုံးအုပ်ထားသည့် အဖြူရာင် ကြွေပန်းကန်လုံးကို သတိပြုမိသွားသည်။

ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅Where stories live. Discover now