Unicode - စူပါမားကတ်မှ မတော်တဆမှုဖြစ်စဉ်
* * *
မနေ့ညက သူမူးအောင်သောက်ခဲ့သော်လည်း ခိုင်မာစွာဖြစ်တည်နေသည့် Su Hang ၏ သဘာဝအသိတရား နှိုးစက်ကြောင့် မနက် ၈ နာရီမတိုင်မီ အိပ်ရာနိုးလာသည်။ အရက်နာကျဒဏ်ကြောင့် တဆစ်ဆစ်ကိုက်နေသည့် သူ၏နားထင်ကြောများကိုနှိပ်ရင်း လှေကားပေါ်မှ Su Hang ဒယိမ်းဒယိုင် လျှောက်လာသည်။
"ရှင်နိုးလာပြီပဲ။" ဧည့်ခန်းထဲတွင်ရှိနေသည့် Shen Xi မှာ သူအောက်ဆင်းလာသည်ကို တွေ့သည်နှင့် ဆိုဖာပေါ်မှ ထလာသည်။
"ဂွတ်မောနင်း။" သူမ ကိုတွေ့သည့်အခါ Su Hang က စောစောကထက် ခြေလှမ်းအရှိန်မြှင့်ကာ လှေကားအောက်သို့ လျင်မြန်စွာဆင်းလာသည်။
စစ၌ ထိုလူကို မှတ်လောက်သားလောက် ဖြစ်သွားအောင် ဆုံးမလိုက်မည်ဟု Shen Xi စိတ်ကူးထားခဲ့သော်လည်း မသက်မသာဖြစ်နေသည့် သူ့ကိုတွေ့လိုက်ရသည့်အခါ ရက်စက်နိုင်စွမ်းမရှိတော့ပေ။ ထို့အစား သူမ သက်ပြင်းတစ်ချက်ချ၍ သူ့ဆီသို့ ရေတစ်ခွက်လှမ်းပေးလိုက်သည်။ "ခေါင်းကိုက်နေလား။"
Su Hang က ရေတစ်ငုံသောက်ရင်း သနားစဖွယ်အကြည့်နှင့် ခေါင်းညိတ်ပြသည်။
ထိုအခါ "နည်းတောင်နည်းသေးတယ်။" ဟူ၍ Shen Xi ဆူမိတော့သည်။
"စိတ်ဆိုးသွားလား။" ချစ်ဇနီး၏မျက်နှာကို Su Hang သေသေချာချာ အကဲခတ်နေသည်။
"ရှင့်ကို မနေ့က အများကြီးမသောက်ဖို့ ကျွန်မမှာထားတယ်လေ။" Shen Xi ဒေါသလေးထွက်လာသည်။
"ကိုယ်မှားသွားပါတယ်။" မိမိအမှားကြောင့် ရင်တထိတ်ထိတ်ဖြစ်နေသည့် Su Hang မှာ သူ့အမှားကို မဆိုင်းမတွ ဝန်ခံလိုက်သည်။
"နောက်နောင် မူးအောင်ထပ်သောက်လာကြည့်၊ ရှင့်ကို ပစ်ထားလိုက်မယ်...သိလား။" Shen Xi ပြောတော့သည်။
"ကိုယ်နောက်တစ်ခါ အရက်ထပ်သောက်မိရင် ကိုယ့်ကိုလွှင့်ပစ်လိုက်လို့ရပါတယ်။" Su Hang ပြန်ဖြေသည်။
"ပြီးတော့ ရှင်အရက်မူးအောင် သောက်လာပြန်ရင် ကျွန်မ မိဘတွေနဲ့ သွားနေလိုက်တော့မှာ.. ဟွန့်။" Shen Xi ခြိမ်းခြောက်စကားဆိုလိုက်သည့်အခါ
ESTÁS LEYENDO
ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅
Romanceမူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) မူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) https://edi...