Unicode
"သမီး..."
Shen ပါးပါးမှာ ရုတ်တရက်ထွက်လာသည့် သမီးဖြစ်သူ၏ အဖြေကြောင့် ဗျာများသွားရသည်။
Shen Xi : "Shen အုပ်စုက ဒီထက်ကြာကြာ တောင့်ခံထားနိုင်မှာ မဟုတ်တော့ဘူး။ ဒီတော့ ဖြစ်နိုင်မယ်ဆိုရင် ဥက္ကဋ္ဌ Su ဘက်က မင်္ဂလာကိစ္စနဲ့ပတ်သက်ပြီး စီစဉ်စရာရှိတာတွေကို တတ်နိုင်သမျှ မြန်မြန်ပြင်ဆင်ထားစေချင်ပါတယ်။"
သူ၏ မျက်နှာအမူအရာကို Shen Xi သေချာမမှတ်မိတော့သော်လည်း ပြန်ဖြေလိုက်သည့် သူ့အသံက တည်တည်ငြိမ်ငြိမ် ရှိလှသည်။
"ကောင်းပါပြီ။"
Su Hang အသာအယာ ခေါင်းညိတ်ပြပြီးနောက် Shen ဇနီးမောင်နှံအား နှုတ်ဆက်စကားဆိုပြီး ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲလျက်ရှိနေသည့် ဖန်ကွဲစများကိုကျော်ကာ ပြန်သွားတော့သည်။
ထိုနေ့က ကောင်းကင်တွင် ထွန်းလင်းတောက်ပနေသည့် နေမင်းကြီးကြောင့် ပြတင်းပေါက်များနှင့် တံခါးမကြီးမှတစ်ဆင့် အိမ်ထဲသို့ ဖြာကျလာသည့် နေရောင်ခြည်အလင်းတန်းကို Shen Xi ခပ်ရေးရေး မှတ်မိနေသေးသည်။
Shen အိမ်တော်မှ ထွက်ခွာသွားသည့် Su Hang ၏ ခြေလှမ်းများက ဖြည်းဖြည်းမှန်မှန်ကလေးဖြစ်နေပြီး သူ၏ကိုယ်အမူအရာက ယုံကြည်မှုအပြည့်ရှိနေဟန်ကို ဖော်ပြနေသည်။
သူမလက်ထပ်ရမည့် သတိုးသားလောင်းမှာ သူ့အား မေတ္တာမရှိသည့် မိန်းကလေးတစ်ယောက်ကို ချစ်ခင်စုံမက်နေသူ တစ်ယောက်ဖြစ်ကြောင်းကို ထိုနေ့၌ပင် သူမ သိလိုက်ရသည်။
ထိုပုံရိပ်များက Su Hang နှင့် ပထမဆုံးတွေ့ခဲ့သည့် အဖြစ်အပျက်မှ သူမ၏ အမှတ်တရများပင်ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်ကျော်ကြားကာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သည့် Su Hang က သူမ အား ချစ်မြတ်နိုး၍ လက်ထပ်လာခြင်းမဟုတ်သော်လည်း ခင်ပွန်းကောင်းတစ်ယောက်အဖြစ် ရပ်တည်ပေးပါမည်ဟူ၍ ကတိပေးခဲ့သည်။
ထိုအတွေးစများက တဖြည်းဖြည်းမှေးမှိန်သွားချိန်၌ Shen Xi ၏လက်ဖျားထိပ်များက ဖြူဖပ်ဖြူရော်ဖြစ်နေလေကာ သွေးရောင်ပင်မရှိတော့ပေ။ နောက်ဆုံး၌ သူမ လက်ထဲတွင် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ဆုပ်ကိုင်ထားသည့် ပုံးငယ်လေးကိုဖွင့်ကြည့်လိုက်သည်။
YOU ARE READING
ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅
Romanceမူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) မူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) https://edi...