အခန်း (၄၁)

5K 628 39
                                    

Unicode - အတိတ်ကိုပြန်တွေးခြင်း

* * *

Su ကုမ္ပဏီ၏ ဥက္ကဌရုံးခန်းတွင်ဖြစ်သည်။

ညှိနှိုင်းဆွေးနွေးပွဲ တစ်ခုမှ Su Hang ပြန်ရောက်လာသည်။ ထိုင်ခုံတွင်ထိုင်လိုက်ရင်း အလုပ်စားပွဲ၏ ထင်သာမြင်သာရှိလှသည့် နေရာတွင်ထောင်ထားသည့် ဓာတ်ပုံလေးဆီသို့ မျက်စိက သူ့အလိုလိုရောက်သွားသည်။ အတန်ကြာအောင် ငေးစိုက်ကြည့်ပြီးသည့်အခါ Su Hang ကိုယ်ကိုကိုင်း၍ သက်တမ်းကြာနေပြီဖြစ်သည့် ရုပ်ယုန်လေးတစ်ရုပ်ကို အောက်ဆုံးအထပ်ရှိအံဆွဲထဲမှ ဆွဲထုတ်လိုက်သည်။

Su Hang စိတ်ညစ်စရာများ ကြုံရသည့်အချိန်တိုင်း ထိုအရုပ်လေးကိုထုတ်ကြည့်ကာ နီနီရဲရဲမျက်လုံးကလေးများနှင့် သူ့ကို 'ကိုကိုကြီး' ဟု ခေါ်သည့် ပါးဖောင်းဖောင်းနှင့် ချစ်စရာကလေးမလေးအကြောင်းကို ပြန်စဉ်းစားဖြစ်သည်။ ယခုမူ ထိုမိန်းကလေးနှင့် သူလက်ထပ်လိုက်ပြီဖြစ်၍ ဤအရုပ်ကလေးကို အချိန်ခဏကြာအောင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့သည်။

ထို့ပြင် လူစင်စစ်ကို သူတွေ့ချင်သည့်အချိန်တိုင်း တွေ့မြင်ခွင့်ရနေသည်ဖြစ်၍ သူ့အတွက် အစားထိုးအရုပ်လေး မလိုအပ်တော့ပေ။ သို့သော် မနေ့ညကကိစ္စကြောင့် Shen Xi နှင့် ပထမဆုံးတွေ့ဖြစ်သည့်အချိန်အကြောင်းကို ပြန်လည်အမှတ်ရသွားတော့သည်။

ထိုစဉ်က သူ့အသက် ၈ နှစ်သာရှိသေးပြီး အချိန်မှာ ပူအိုက်လွန်းသည့် နွေရာသီတွင်ဖြစ်သည်။ ထိုစဉ်က ဂေဟာမှူးမှာ ပင်ပန်းလွန်းသည့်ဒဏ်ကြောင့် အပူရှပ်ကာဖျားသွားပြီး ဆေးရုံသို့တင်လိုက်ရတော့သည်။ ငွေကုန်ကြေးကျ သက်သာရန်နှင့် ဂေဟာမှူးအမြန်ပြန်လည် ကျန်းမာလာနိုင်ရန် ဂေဟာမှထမင်းချက် အဒေါ်ကြီးက နေ့တိုင်း ထမင်းဟင်းချက်ပေးကာ Su Hang လေးကို ဘတ်စ်ကားစီးစေပြီး ထမင်းချိုင့်သွားပို့ခိုင်းသည်။

ထိုသို့ သွားပို့သည့်လမ်းတွင် ဆေးရုံဘေးမှ လမ်းကြားလေးထဲမှ ရေသန့်ဘူးခွံများကိုပါ Su Hang တစ်ခါတည်းဝင်ကောက်တော့သည်။ ထို့နောက် ကောက်၍ရသည့် ရေသန့်ဘူးခွံများကို ဆိုင်တွင် ပြန်ရောင်းလျှင် ငွေအနည်းအကျဉ်းရတတ်သည်။ ထိုလမ်းကြားလေးမှာ လူသူ အသွားအလာပြတ်ကာ ရှုပ်ပွညစ်ပေနေသည့်တိုင်အောင် ထိုနေရာ၌ ရေသန့်ဘူးခွံအများအပြားရှိနေသည်။

ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅Where stories live. Discover now