အခန်းပို (၃) 🎁🎁🎁

3.8K 470 7
                                    

Unicode

လက်ထပ်ထားသည့် Su Hang က ကွာရှင်းရန်ပြင်နေသည့် Su Hang ၏ ကိုယ်ထဲသို့ဝင်ရောက်သွားခြင်း (အဆုံးသတ်)

* * *

"ကျွန်မကိုလွှတ်။" Shen Xi ရုန်းတော့သည်။

Shen Xi ပြောသည့်အတိုင်း သူမ ကိုယ်လေးကို Su Hang လွှတ်ပေးလိုက်ကာ အဝေးသို့တွန်းထုတ်ခံလိုက်သည်။ သို့တိုင်အောင် Shen Xi လက်ကလေးကို မလွှတ်တမ်းကိုင်ထားဆဲဖြစ်ကာ သူမ ထံမှအဖြေကို ရင်တထိတ်ထိတ်နှင့် စောင့်နေသည်။

"ကျွန်မ ရှင်ကိုမယုံဘူး။" သူ့ကို Shen Xi စူးစိုက်ကြည့်ကာ တည်ငြိမ်စွာအဖြေပေးလိုက်သည်။

ဟင်?? သူ့ကိုမယုံဘူး??? သူ့ဘက်က ဖွင့်ဟဝန်ခံခဲ့ပြီးပြီ မဟုတ်ပါလား။ မည်သည့်အတွက်ကြောင့် သူ့ကို Shen Xi မယုံနိုင်အောင်ဖြစ်နေရသနည်း။ Su Hang လုံးဝ အံ့ဩသွားရကာ အချိန်အတန်ကြာအောင် ဆွံ့အသွားရသည်။

"Su Hang ၊ ကျွန်မတို့လက်ထပ်ခဲ့တာ ငါးနှစ်ရှိနေပြီ။ ငါးနှစ်ဆိုတာက တော်တော်ကြာတဲ့အချိန်ပါ။ ကျွန်မအနေနဲ့ မယုံနိုင်စရာကောင်းအောင် တုံးအနေရင်တောင်မှ ကျွန်မ အမျိုးသားက ကျွန်မကို ကြိုက်လား၊ မကြိုက်ဘူးလားဆိုတာကိုတော့ ခွဲခြားနိုင်ပါသေးတယ်။" ဟူ၍ Shen Xi သူ့ကိုပြောကာ "ရှင့်ရင်ထဲမှာ ရှိနေတဲ့မိန်းကလေးက ကျွန်မ မဟုတ်ဘူး။"

"ကိုယ့်ရင်ထဲမှာ မင်းမရှိမှတော့ ဘာလို့ ကိုယ်မင်းကိုလက်ထပ်မှာလဲ။" Shen Xi ၏ ကျန်လက်တစ်ဖက်ကိုဆွဲကာ Su Hang  မေးတော့သည်။

"ကျွန်မ မသိဘူး။ ဒီတော့ ရှင်ကျွန်မကိုပြောပြလေ။" Shen Xi သူကို နာကြည်းစွာပြုံးပြလာသည်။ စစချင်း၌ Su Hang က သူမ၏မျိုးရိုးနာမည်ကြောင့် ရရှိလာမည့် ဂုဏ်သိက္ခာအတွက်ဟူ၍ Shen Xi တွေးခဲ့ဖူးသည်။ သို့သော် သူမတို့အိမ်ထောင်သက် ငါးနှစ်အတွင်း၌ Su Hang က သူမ၏နာမည်ကို အသုံးချခဲ့ခြင်းမျိုးမရှိပေ။

အမှန်အတိုင်းပြောရလျှင် Shen ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ မရှိလာရအောင် Su Hang ကြိုးစားခဲ့ပုံပေါ်သည်။ Su Hang သည် သူမအပေါ်၌ ခံစားချက်ရှိကောင်းရှိလိမ့်မည်ဟု Shen Xi တွေးခဲ့မိဖူးသည့် အချိန်ရှိသည်။ သို့သော် မပြောင်းလဲပဲရှိနေသည့် သူ၏ မျက်နှာသေနှင့် အေးတိအေးစက် အမူအရာတို့ကြောင့် ထိုအတွေးက ပျောက်ကွယ်သွားရသည်။

ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅Where stories live. Discover now