ရှောင်လုတစ်ကိုယ်လုံး ကြောက်စိတ်တို့ပျံ့နံ့လာသည်။
သူမတစ်စုံတစ်ခုကိုစဉ်းစားပြီးနောက် သူတို့ကိုကြည့်လိုက်သည်။"ရိဖန် ရိဖန်ငါ့ကိုလိုအပ်တယ်။ ငါသူ့အလုပ်တွေကို ကူပေးနိုင်တယ်။ ရုန့်လန် ငါကတိပေးပါတယ်။
ဘယ်သူ့ကိုမှမပြောဘူးလို့ ။ငါ့ကိုအသက်ရှင်ခွင့်လေးပဲပေးပါ။ ငါတကယ်အသက်ရှင်ချင်လို့ပါ။ "ရုန့်လန့်ကရယ်ပြီးသူမမေးကိုကိုင်ကာ
"ရိဖန်,အိုး...ငါ့ကိုစဉ်းစားခွင့်ပေး""Tsk tskစောစောတုန်းက ရိဖန်အတွက်စဉ်းစားပြီး ငါနင့်ကိုအသက်ပေးရှင်မလို့ဘဲ။
ရုတ်တရင်ငါတစ်စုံတစ်ခုကို ရှာတွေ့သွားတယ်။
နင်ရောမသိချင်ဘူးလား ငါ့အစ်မ"ရှောင်လုခေါင်းကို တစ်စုံတစ်ယောက်က အားပြင်းပြင်းနဲ့ရိုက်ချလိုက်တဲ့အခါ သူမခေါင်းကိုသာငုံ့လိုက်ပြီး
ဘာမျှမပြောနိုင်တော့ပေ။
ရွှယ်မင်က" စိတ်လှုပ်ရှားမသွားနဲ့ဉီး။
ဒါက နင့်အကြောင်းပဲ"ရုန့်လန်ကသူမကိုပြုံးကြည့်လိုက်ပြီး
"ငါတို့မိဘတွေကဘာကြောင့် နင့်ကိုအမြဲဝှက်ထားလဲဆိုတာ စဉ်းစားကြည့်ဖူးလား။
ဘာကြောင့်လီမိသားစုရဲ့ မိသားစုဝင်အဖြစ်ပွဲမထုတ်ခဲ့လဲဆိုတာ စဉ်းစားဖူးလား။ နင်အရာများကြီး ငါတို့အတွက်လုပ်ပေးခဲ့တာတောင်သူတို့ရဲ့အချစ်မခံရတာ ဘာကြောင့်လဲစဉ်းစားဖူးလား။
နင်ဘယ်တုန်းကမှမတွေးခဲ့ဘူး"လီရှောင်လု သူမရဲ့လက်သီးကိုကျစ်ကျစ်ဆုပ်လိုက်သည်။
ပထမဆုံးအနေနဲ့ သူမကအဲ့တာကိုမစဉ်းစားဖူးခဲ့သလို
သိလည်းမသိချင်ခဲ့ပေ။ သို့သော်ယခုသူမသိချင်လှသည်။
ဘာကြောင့်သူမကို ဒီလိုဆက်ဆံကြလဲဆိုတာကိုပေါ့သူမရုန့်လန်ကို ဖြေဆိုပေးဖို့ မျှော်လင့်ချက်အပြည့်နဲ့
ကြည့်လိုက်သည်။"နင်ရဲ့ဥာဏ်ကောင်းမှုနဲ့ဆိုရင် ဒါကိုခန့်မှန်းမိသင့်တယ်။
ဒါမှမဟုတ်နင် ဒီမျက်နှာချေချောလေးနဲ့ ယောက်ျားတွေကိုမြူဆွယ်ဖို့ အချိန်ပြည့်များတွေးနေသလားဟယ်""ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ငါပြောပြဖို့ စဉ်းစားပြီးသားပါ။ နင်က လီမိသားစုဝင်မဟုတ်ဘူး။
နင်ကငါရဲ့ အစ်မကြီးမဟုတ်ဘူး။ နင်ကအဖေ လမ်းပေါ်ကကောက်လာတဲ့ မိဘမဲ့တစ်ယောက်ပဲ။
နင်ကအမှိုက်ပဲ ဒါပေမယ့်လီမိသားစုရဲ့ နုံအတဲ့အစေခံလေးဖြစ်နေတုန်းပဲ။"
လီရုန့်လန်ကနှစ်ခြိုက်စွာ ရယ်လေသည်။

YOU ARE READING
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
RomanceIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.