အံ့ဖွယ်စကြာဝဠာကုမ္ပဏီတွင်,
ရှောင်လု ၀င်လာသည့်အခါလူများကသူမကိုခနတစ်ဖြုတ်လှည့်ကြည့်ကြပြီး သူတို့အလုပ်ကိုဆက်လုပ်ကြသည်။ သူမက ဓာတ်လှေကားထဲကိုတည်ငြိမ်စွာဝင်လိုက်ပြီး အစ်မရန်းမီရုံးခန်းသို့ရောက်လာသည်။သူမက တံခါးခေါက်လိုက်ပြီး
"၀င်လာခဲ့ပါ"ဆိုသည့်အသံကိုကြားလိုက်သည်။"Good morningအစ်မရန်းမီ"
နှုတ်ဆက်ရင်းသူမ၀င်သွားလိုက်သည်။
ရှောင်လုကိုမြင်သည့်အခါ ရန်းမီထိုင်ခုံမှခုန်ထလိုက်ပြီး ရှောင်လုလက်ကိုစိတ်လှုပ်ရှားစွာဆွဲကိုင်လိုက်သည်။သူမကိုအရင်ဆုံးထိုင်စေသည်။
" အစ်မကြီး အဲ့ဒီ့ကအတင်းအဖျင်းတွေ
ငါ့ကိုအသေးစိတ်ပြောပြစမ်းပါ။ တစ်ခုမှချန်မထားနဲ့"ရှောင်လုက ရန်းမီကိုမနိုင်ဘူးဆိုသည့်အကြည့်ဖြင့်ကည့်လိုက်ပြီး ပါတီမှာဖြစ်ပျက်သမျှအကုန်လုံးကို မခြွင်းမချန်ပြန်ပြောပြလေသည်။ ပြီးနောက် သူမမူးသွားပြီးနောက်
ဘာလုပ်ခဲ့မိတယ်ဆိုတာပါပြောပြလိုက်သည်။သူမဆက်ပြောလေလေ အစ်မရန်းမီရဲ့မျက်လုံးတွေကျယ်သထက်ကျယ်လာလေလေ။ပြီးတော့ လီရှောင်လုကိုလက်ညိုးထိုးကာ ရန်းမီစိတ်လှုပ်ရှားစွာ အော်ဟစ်လေသည်။ " ရေး!! နင်CEOကျန်းကိုနမ်းထဲ့တယ်။ အဲ့တာ ဘယ်လို။ နင့်ရဲ့ပထမဆုံးအနမ်းမဟုတ်လား ဟမ်။ သူက အနမ်းတော်တဲ့လူတစ်ယောက်လား "
အစ်မရန်းမီက အပျိုဖြန်းလေးတစ်ယောက်လို စိတ်လှုပ်ရှားနေလေသည်။ အစ်မရန်းမီရဲ့ ဆမးခွန်းကိုကြညးပြီး သူမမျက်နှာကပူလောလာတော့၏။ သူမခေါင်းကိုခါရမ်းလိုက်သည်။ သူမဘာတွေတွေးနေမိပါလိမ့်!!?
"အစ်မရန်းမီ ကျွန်မပြောချင်တာအဲ့တာမဟုတ်ဘူး။ အဓိကအချက်က CEOက Gayလေ နောက်ပြီးတေည့ ဘော့စ်ဟုကကျွန်မတို့ကိုမြင်သွားခဲ့တာ...."
"ဘုရားရေ!!နင်က ဘော့စ်ဟုရဲ့ကောင်လေးကိုနမ်းလိုက်တယ်။ ပြီးတော့ နင်တို့မိသွားတယ်။ ဘာဆက်ဖြစ်သွားလဲ ဘော့စ်ဟုက နင့်ကိုဘာပြောလဲ?"
လီရှောင်လုက ငိုကာ"ဘော့စ်ကဘာမှမပြောဘဲအဝေးကိုပြေးထွက်သွားတာ
ပြီးတော့ သူတို့ကအတွဲတွေမဟုတ်ကြသေးဘူးတဲ့ "
VOUS LISEZ
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
Roman d'amourIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.