အပိုင်း ၃၅

770 111 0
                                        

ရှောင်လုစကားကိုနားထောင်ရင်း ရန်းမီလုံးဝဒေါသထွက်လို့လာသည်။
သူမသရုပ်ဆောင်ကို အခွင့်အရေးယူရဲတဲ့သူရှိသေးတယ်ပေါ့....!!

"အဲ့ဒါဘယ်သူလဲ။ ဘယ်သူနင့်ကိုအသားယူချင်တာလဲ။ ငါ့နှာခေါင်းအောက်မှာ ငါ့အနုပညာရှင်ကို အနိုင်ကျင့်ဖို့လုပ်တဲ့ အဲ့ဒီပုဂ္ဂိုလ်ရဲ့နာမည်ကိုပြောစမ်းပါ"

ရှောင်လု၏ စိတ်ဓာတ်ကျနေသည့်မျက်နှာက ရန်းမီကိုဒေါသထွက်စေ၏။လီရှောင်လုပခုံးကိုပုတ်ကာ သူမမေးလိုက်၏။

"ရှောင်လု ၀မ်းမနည်းပါနဲ့။
နင့်မှာကျောထောက်နောက်ခံအဖြစ် ငါနဲ့ဘော့စ်ဟုရှိတယ်နော်။ အဲ့ဒီ့အရှက်မရှိတဲ့နှာဘူးဘယ်သူလဲဆိုတာသာပြော။ ငါ့အနုပညာရှင်ကိုအနိုင်ကျင့်ဖို့ကြိုးစားတဲ့အတွက် သင်ခန်းစာကောင်းကောင်းပေးရမယ်။ ဟမ့်"

လီရှောင်လုက ကျန်းကျစ်ဟန်ရဲ့နာမည်ကို ထုတ်ပြောမလို့ရှိသေးတယ် သူတို့တံခါးခေါက်သံကိုကြားလိုက်ကြ၏။

ရန်းမီက '၀င်ခဲ့ပါ'ဟု ပြောလိုက်သည်။
တံထခါးဖွင့်ပြီး ကျစ်ဟန်ကဘုရင်တစ်ပါးလို လျှောက်ကာဝင်လာခဲ့၏။ သူ့ပတ်လည်တွင် အထက်စီးဆန်ကာ မြင့်မြတ်သောအရှိန်အဝါများ ရှိလို့နေသည်။ အစ်မရန်းမီသည် သူမရဲ့ရုံးခန်းပိစိလေးထဲတွင် big bossကိုတွေ့လိုက်ရ၍ရှော့ခ်ရနေ၏။

ကျစ်ဟန်သည် လူများစွာ၏နှလုံးသားထဲတွင် အိုင်ဒေါလ်ဖြစ်၏။ သူသွားသည့်နေရာတိုင်း၌ လူတွေကသူ့ကိုကြည်ညိုလေးစားသည့်မျက်လုံးဖြင့်ကြည့်ကြစမြဲ။ ရန်းမီသည်လည်း ထိုထဲကတစ်ယောက်ပင်။

ကျစ်ဟန်ကို သူမရုံးခန်းထဲတွင်မြင်ရသဖြင့်
ရန်းမီ၏ Fan-modeသည် အော်တိုလိုင်းတက်သွားလေပြီ။ရန်းမီသည်ကျစ်ဟန်ကို အလွန်အမင်းပေိာ်ဝင်နေသောအကြည့်ဖြင့်ကြည့်နေကာ သူမအနုပညာရှင်၏ ထူးဆန်းသောအမူအရာကိုသတိမထားမိချေ။

"Hello အစ်မရန်းမီ....."
ကျစ်ဟန်ပြုံးကာ နှုတ်ဆက်လိုက်၏။
ကျစ်ဟန်သည် လူတစ်ယောက်အပေါ်ယဉ်ကျေးခဲသည်။ သို့သော် ရန်းမီကတော့
သူ့ကလေးလေး အစ်မအဖြစ်အသိအမှတ်ပြုထားသည့် တစ်စုံတစ်ယောက်ဖြစ်၏။
ဒါကြောင့် သူသူမဆီက အမြင်ကောင်းရယူရမည်.....

ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နားМесто, где живут истории. Откройте их для себя