လီရှောင်လုကိုမြင့်သည့်အခါ လှီတစ်မိသားစုလုံး၏မျက်နှာ မည်းမှောင်သွားတော့သည်။ သူတို့စိတ်ထဲမှာအခုရှိနေတဲ့မေးခွန်းကတော့
ဘာလဲဟ လီရှောင်လုကဒီနေရာမှာ ဘာလုပ်နေတာလဲဟူ၍ပင်ဖြစ်ပါလိမ့်မည်။
သူမကဝိုင်ကို စိမ်ပြေနပြေစုပ်သောက်ရင်း သူမကအဖေနဲ့အမေလို့ခေါ်တဲ့သူတွေဆီလျှောက်သွားလိုက်သည်။ သူကလီရိုဘင်းရဲ့ဒေါသကိုခံစားနိုင်လောက်သည်အထိ နည်းကပ်လာသည်။
သူမနှုတ်ခမ်းတို့ကသရော်ပြုံးအဖြစ် ကွေးညွတ်သွားခဲ့သည်။
ကောင်းတယ် ကောင်းတယ် သိပ်ကောင်းတယ်
ဒရမ်မာကအခုမှစမှာ.........
အဲဒီအချိန်မှာ လီရုန့်လန်က ချန်းယုဖန်ရဲ့လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ လီရှောင်လုကိုမြင်သည်နှင့် သူရဲ့အတုအယောင်အပြစ်ကင်းစင်ငည့်အပြုံးကလည်း ပြောင်းလဲသွားတော့သည်။ အကယ်၍တစ်စုံတစ်ယောက်ကသူမကိုအနီးကပ်ကြည့်မည်ဆိုလျှင် ချက်ချင်းပင်သူမမျက်နှာပေါ်က အမုန်းတရားနှင့်မနာလိုမှုတို့ကို မြင်ရမည်ဖြစ်သည်။
ဒီခွေးမကဘာလာလုပ်တာလဲ။
သူမကိာအမိန့်ဖီဆန်ဖို့ ဘယ်သူကများအခွင့်အရေးပေးတာလဲ။
ပြီးတော့သူမရဲ့လှပတဲ့မျက်တယနှာကို ဘယ်သူကပြခိုင်းလို့လဲ။ ပြီးတော့သူမက ဒီလိုလှပတဲ့ဝတ်စုံကို ဘယ်ကနေရထားတာလဲ။
သူမကငါ့ကျော်ကြားမှုကို လုယူရဲတယ်ပေါ့လေ?
လီရုန့်လန်ကသူမဆီပြေးသွားပြီး သူမမျက်နှာကိုဆွဲကုတ်ပစ်ချင်လှ၏။
သူ့လက်မောင်းကနာကျင်မဗုကြောက့် ချန်းယုဖန်က စူးစမ်းလိုစိတ်ကိုဖျက်လိုက်ပြီး လီရုန့်လန်ကိုကြည့်လိုက်သည်။
"လီရုန့်လန် မင်းကိုယ့်လက်မောင်းကို အရမ်းညှစ်ထားတယ် ။ မင်းဘာဖြစ်နေတာလဲ"
ချန်းယုဖန်ထင်တာက သူကအသကိရှူမှားဖွယ်အမျိုးသမီးကို ငမ်းနေတာကို လီရုန့်လန်မိသွားခြင်းဖြစ်သည်ဟုပင်။ ဒါကြောင့်သူမကလက်မောင်းကို သ၀န်တိုမှုနှင့် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ခြင်းဖြစ်မည်ဟု ထင်နေသည်။ သို့သော် လီရုန့်လန်ရဲ့ ပျက်ယွင်းနေတဲ့မျက်နှာက ဒီလိုမဟုတ်ဘူးလို့ ဖော်ပြလို့နေသည်။
YOU ARE READING
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
RomanceIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.
