"အစ်မရန်းမီ ခဏလောက်ပုန်းနေနိုင်မလား "
ရှောင်လုက အခန်းကိုညွှန်ပြရင်းပြောလေသည်။
"ကောင်းပြီ" ရန်းမီကဆက်မေးလိုက်သည်။
"လီမိသားစုက တစ်ယောက်ယောက်များလား"
ရှောင်လုခေါင်းခါလိုက်သည်။
"လီမိသားစုကမဟုတ်ရင် ဘယ်သူလဲ"
လီရှောင်လုက မျက်နှာရှစ်ခေါက်ချိုးဖြစ်သွားကာ ပြောလိုက်သည်။
"အယုတ်တမာကောင်"
ခေတ္တမျှကြက်သေသေသွားပြီး ရန်းမီအထဲထဲကိုမ၀င်ချင်တော့ဘူး။
လီမိသားစုအပြင် ရှောင်လုကိုဒီလောက်စိတ်ဆိုးအောင် ဘယ်သူလုပ်တာလဲ။
ဘယ်သူပဲဖြစ်နေနေ အကယိ၍သူသာ ငါ့ရဲ့ရှောင်လုလေးငိုတစ်ခုခုလုပ်ဖိုါကြိုးစားရင် အဲ့ကောင်ရဲ့သွားတွေအကုန်ချိုးပစ်မယ်။
ရန်းမီကတွေးကာ အခန်းထဲသို့ဝင်လိုက်သည်။
တံခါးကိုဖွင့်ပြီးနောက် လီရှောင်လုက အံ့သြနေသည့်အသံဖြင့်ပြောလိုက်သည်။
"အိုး ချန်းယုဖန်"
"Suprise ....suprise"ချန်းယုဖန်ကပြုံးကာပြောသည်။ ဒီနေ့သူက အနီရောင်ရှပ်နှင့်ဂျင်းဘောင်းဘီကိုထူးခြားစွာဝတ်ဆင်ထားသည်။
လက်ထဲတွင်နှင်းဆီပန်းတစ်စည်းကိုကိုင်ထားပြီး စွဲမက်ဖွယ်အပြုံးတစ်ပွင့်နှင့် သူ့ပုံစံကမိန်းကလေးတိုင်းကြွေချင်စရာ...
လီရုန့်လန်က သူမပွဲအတွက်ပြင်ဆင်နေသည့်အတွက် သူ့အိပ်မက်ကိုအကောင်အထည်ဖေါ်ဖို့ ဒီအလှလေးနှင့်လာတွေ့ခြင်းဖြစ်သည်။ အဲ့ဒီ့နေ့က အနီရောင်ဝတ်စုံနဲ့သူမဟာ သူ့စိတ်ထဲကမထွက်ပေ။
ပြီးတော့ ဒီကနေ့သူသူမနဲ့နီးဖို့ ခြေလှမ်းအချို့စတင်ရမည်။
ဒီစွဲမက်ဖွယ်အပြုံးနဲ့ချစ်စရာမျက်နှာလေးကိုကြည့်ပြီး မိန်းကလေးတွေအရူးအမူးဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် သူမကတော့အဲ့အပြုံးနောက်ကွယ်က ကလိမ်ကကျစ်တွေကိုသိခဲ့ပြီးပြီ။
"ကိုယ့်ကိုအထဲမခေါ်တော့ဘူးလား"
သူကချိုမြိန်သည့်အပြုံးလေးဖြင့်မေးသည်။
KAMU SEDANG MEMBACA
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
RomansaIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.
