အပိုင်း ၂၉

760 128 3
                                        

ကျစ်ဟန် သူ့သူငယ်ချင်းကိုစိုက်ကြည့်လိုက်သည်။
"မင်း ဘာလို့ငါ့ကိုအဲ့လိုစိုက်ကြည့်နေတာလဲ?
ငါကဒီလောက်ကောင်းတဲ့အကြံပေးတာကြီးကို...."ဟုယုထျန်က စောတကတက်လိုက်၏။

"မင်းလိုအရူးတွေပဲ အဲ့လောက်တုံးတဲ့အကြံသုံးလိမ့်မယ်"ကျစ်ဟန်က အေးစက်စွာပြန်ပြောသည်။

ဟုယုထျန်"...."တုံးအတဲ့အကြံ?

သူက စူပုတ်ပုတ်ဖြင့်
"ဟုတ်ပါတယ် ငါ့အကြံကတုံးတယ်ဆိုတာ။
မင်းကရော ဘာလုပ်မယ်စဉ်းစားထားသတုံး"

"ဘာမှမလုပ်ဘူး"

"ဟေး ဟေး မင်းရဲ့မိန်းကလေးကို အခြားတစ်ယောက်ကယူသွားတာကို မင်းကထိုင်ပြီးကြည့်နေမယ်ပေါ့လေ "ဟုယုထျန်မေးလိုကိ၏။

"အမ်း"

ဟ သူရူးများရူးသွားပြီးလား?

"ကျစ်ဟန် မင်းတကယ်ကြီးလား?
မင်းတကယ် ထိုင်ကြည့်နေတော့မှာလား"

"ငါတခြားဘာများလုပ်နိုင်ဉီးမှာမလို့လဲ။
သူမက သူ့ကိုချစ်တယ်လေ......"
သူက ၀မ်းနည်းနေသည့်မျက်နှာဖြင့်ပြောလေသည်။

"အဲ့တော့ ဘာဖြစ်လဲ။
သူမသူ့ကိုမုန်းအောင်လုပ်လိုက်ရုံပေါ့ပြီးတော့မှ.........." ဟုယုထျန်က အကြောင်းအရာရဲ့အဓိကအချက်ကဲ့သို့ဆို၏။

ကျစ်ဟန်မျက်မှောင်ကြုတ်သွားပြီး
စကားအချို့ဆိုလာသည်။
"အဲ့ဒါက သူမကိုဝမ်းနည်းစေလိမ့်မယ်။
ငါက သူမအမြဲတမ်းပျော်နေတာပဲမြင်ချင်တာ"

ယုထျန် သူ့လက်နဲ့ သူ့ခေါင်းကိုပြန်ကိုင်လိုက်သည်။ကျစ်ဟန်ရဲ့စကားအသွားအလာအရ သူလုပ်နိုင်တာ ဘာမှမရှိဘူးပဲ။ကျစ်ဟန်တစ်ခုခုလုပ်ဖို့ဆုံးဖြတ်ထားပြီဆိုရင် ဘယ်သူမှသူ့ဆုံးဖြတ်ချက်ကို ပြန်မပြင်နိုင်ဘူး။

သူတွန့်ကြေနေသည့် စာရွက်အချို့ကိုမြင်ကာ စပ်စုချင်စိတ်ပြင်းပြသွား၍ ထိုအရာများကိုကောက်ယူလိုက်သည်။အသေးစိတ်အချက်အလက်တွေကို လျှောက်ဖတ်ကြည့်ရင်း သူလုံးဝအံ့သြသွားခဲ့သည်။လီမိသားစုမှာ ဒီလိုဖုံးကွဟ်ထားတဲ့လျှို့ဝှက်ချက်မျိုးရှိနေတာ သူဘယ်တုံးကမှမသိခဲ့ပေ။

ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နားDonde viven las historias. Descúbrelo ahora