အပိုင်း ၈

794 113 1
                                        

......................................................
ရန်းမီမျက်လုံးတို့ပြူးကျယ်သွားရသည်။
ဘာ!ဒီမိန်းမကတယ်ပဲ ဘာပြောနေတာလဲ!
သူမက လီရုန့်လန်ရဲ့ အစ်မ ?

လီရှောင်လု ရန်းမီမျက်နှာပေါ်ကမယုံကြည်နိုင်သည့် အကြည့်ကိုရှင်းရှင်းလင်းလင်း သတိထားမိသည့်အခါ
သူမကယဉ်ကျေးစွာ ပြုံးရင်းဆက်ပြောလိုက်သည်။
"မစ်ရန်းမီ ၊ ကျွန်မလိမ်ပြောနေတယ်လို့
ရှင်ထင်နေတာ ကျွန်မသိပါတယ်။
ဒါပေမယ့် ကျွန်မပြောတာကို အရင်နားထောင်ပေးဖို့ မျှော်လင့်ပါတယ်"

ရန်းမီဘာပြောရမှန်းမသိတာကြောင့်  သူမခေါင်းကို ကြက်ကလေးလို တဆတ်ဆတ်ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်မက လီမိသားစုရဲ့အကြီးဆုံးသမီးဖြစ်တယ်။
အဲ့ဒီရုပ်ရှင်မှာ လီရုန့်လန်အစားသရုပ်ဆောင်ပေးခခဲ့တယ်။ ဒါကအမှန်တရားပဲ"

လီရှောင်လုရဲ့ ယုံကြည်မှုရြှိခင်းကိုမြင်ရသည့်အခါ
သူမကိုယ်သူမ ပါပါရာဇီတစ်ယောက်လို ခံစားလာရသည်။ သူမကသကြားလုံးပေးခံရသည့်
ကလေးနှင့်ပင်တူနေသေးသည်။
(ပျော်ရွှင်စိတ်လှုပ်ရှားပြီး ထပ်ကာထပ်ကာသိချင်တာကိုဆိုလိုတာပါ)

စိတ်လှုပ်ရှားစွာသူမမေးလိုက်သည်။
"ရှင်ကသူမရဲ့အစ်မလို့ဆိုတယ်နော်
ဒါဆိုဘာကြောင့် ရှင့်အကြောင်းသတင်းတွေမှာပါမလာတာလဲ"

"ဟုတ်ပါတယ်...ကျွန်မတည်ရှိမှုကို ဖုံးကွယ်ထားရတယ်။"

'Oh......'ရန်းမီခေါင်းညိတ်ခဲ့သည်။
ဒါကယုံနိုင်စရာမကောင်းပေမယ့်
ပုံပြင်သက်သက်ပဲဆိုရင်ရော...

"ဘာကြောင့်ဒါကိုပြောပြနေတာလဲ။
ဘာကြောင့်ရှင့်ညီမနဲ့အတူ အလုပ်လုပ်နေတဲ့
ကုမ္ပဏီမှာသွမလုပ်တာလဲ။
ဘာကြောင့်"အံ့ဖွယ်စကြာဝဠာ"နဲ့ ပူးပေါင်းရတာလဲ"

လီရှောင်လု သက်ပြင်းချကာ
"ဒါကနည်းနည်းရှုပ်ထွေးတယ်"

ရန်းမီပြုံးကာပင် "ရှင်အကယ်၍ ကျွန်မတို့နဲ့ စာချုပ်ချုပ်မယ်ဆိုရင် ရှင့်ညီမကိုဆန့်ကျင်ရမယ်ဆိုတာ သိရဲ့လား"

လီရှောင်လုခေါင်းညိတ်ခဲ့သည်။
သူမမျက်လုံးထဲတွင် တောက်ပသော အလင်းတန်းအစုလေး ဖြတ်ပြေးသွားသည်။
ဒါက တစ်စက္ကန့်လောက်ဆိုပေမယ့် ရန်းမီရှင်းရှင်းလင်းလင်း သတိပြုမိခဲ့သည်။

ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နားOù les histoires vivent. Découvrez maintenant