ကျစ်ဟန်က သူမကိုကြည့်ကာလမ်းလျှောက်လာသည်။ " နှုတ်ခမ်းကိုက်နဲ့။ မင်းနှုတ်ခမ်းတွေကိုကိုက်ဖို့ ခွင့်ပြုမထားဘူး။
ကိုယ်ပဲ ကိုက်မယ်....."
ဟမ်? သူဘာကိုပြောချင်တာလဲ။
"စောစောတုန်းက ကိုဟ်မှန်းသာသိခဲ့ရင် မငိးနမ်းမှာမဟုတ်ဘူးလို့ ဘာလို့ပြောတာလဲ?
အဲ့ဒါက ကိုယ်ကလွဲလို့ဘယ်သူ့မဆိုနမ်းမယ်လို့ပြောတာလား" ကျစ် န်မေးလေသည်။
သူ့မေးခွန်းကြောင့် ဒေါသဖြစ်သွားသည့်ရှောင်လုသည်ချက်ချင်းပြန်ပြန်လည်တိုက်ခိုက်လာပါတော့၏။
"ဘယ်ဟုတ်မလဲ ။ ကျွန်မကအဲ့လိုမိန်းကလေးမျိုးမဟုတ်ဘူး။
မူးမနေခနေခဲ့ရင်လေ ရှင်တင်မဟုတ်ဘူးတခြားဘယ်သူ့ကိုမှ နမ်းမှာမဟုတ်ဘူး"
"ဒါပေမယ့် ကိုယ်...မင်းကို.....နမ်းချင်တယ်"
ကျစ်ဟ န်ကပြောရင်းပြုံးရင်း သူမဆီလျှောက်လာ၏။
ဘာ!!!လီရှောင်လု ရှော့ခ်ရသွား၏။
ဒီသွေးအေးသည့် CEOကီးက ဤသို့သောစကားမျိုး ပြောလိမ့်မည် ဟု ဘယ်သောခါမျှမထင်ခဲ့ပါချေ။ကျစ်ဟန်သုမဆီသို့လှမ်းလာနေစဉ် သူမလည်းကျောကုန်းနဲ့ နံရံမထနခင်အထိနောက်ပြနိလျှောက်လို့နေခဲ့၏။
"မနေ့က မင်းကိုယ့်ကိုခွင့်မတောင်းလဲနမ်းခဲါတယ်။ အဲ့ဒါက မင်းကိုဟ့်ကိုအသားယူတယ်လို့ဆိုလိုတာပဲ.... အခုကိုယ်မင်းကိုအလျော်ပေးစေချငိတဟ်" သူက သူမရှေ့တွင်ပေါ်လာရင်းပြောလေသည်။
နောက်မှာကနံရံ သူမတွင်ရှောင်စရာနေရာမရှိတော့ပေ။
လျော်ကြေးတစ်ခု??
"ရှင် လျေည်ကြေးအနေနဲ့ဘာလိုချင်တာလဲ"
သူမက ကျစ်ဟန်နဲ့နံရံကြားတွင် ရုန်းကန်ရင်း
ကြောက်လန့်စွာဆို၏။
"အနမ်း.."သူက သူလိုချင်သည်ကို အရှက်မရှိဖွင့်ချလာခဲ့၏။ သူမနဲ့နှစ်ယောက်တည်းရှိနေသည့်အချိန်တွင် သူအလွန်ပျော်ရွှင်လို့နေသည်။
"ဘာ......မဖြစ်ဘူး!!"
လီရှောင်လု ချက်ချင်းပင်ငြင်းပယ်လာပါ၏။
"အခြားတစ်ခုခု......."
"ကိုယ့်မှာ တစ်ခုခုမရှိဘူးလို့များ မင်းထင်လား"
ထိုအကြောင်းကိုစဉ်းစားမိတော့ လီရှောင်လုခေါင်းခါလိုကိ၏။ သူ့မှာ တစ်ခုခုမရှိတာဘယ်လိုဖြစ်နိုငိမှာလဲ။ သူကအရမ်းချမ်းသာရော်.......
ကျစ်ဟန်က ပြီတီတီပြုံးကာ
"ဒါဆို ကိုယ့်ကိုနမ်းပါ"
လီရှောင်လု ကန့်ကွက်ရန် ပါးစပ်ဖွင့်လိုက်၏။
"ဒါပေမယ့် အမ်...အမ်းးးးးးးးး"
သူမ၏လက်ကျန်စကားလုံးများသည် သူမနှုတ်ခမ်းချိတ်ပိတ်ခံလိုက်ရခြင်းနှင့်အတူပျောက်ကွယ်သွားတော့၏။ အေးစက်နေသည့် နှုတ်ခမ်းပါးတစ်စုံသည် သူမနှုတ်ခမ်းများပေါ်သို့ ရောက်လာခဲ့၏။ သူမနှုတ်ခမ်းများကို စုပ်ယူပြီး တတိတိကိုက်ကာစားသုံးနေတော့၏။
သူမ၏ခန္ဓာကိုယ်က ဘယ်တုန်းကမျှ ဒီတုန့်ပြန်ချက်မျိုးမခံစားဖူးချေ။ သုမတစ်ကိုယ်လုံး ထုံထိုင်းသွားခဲ့ရ၏။ ကျစ်ဟန်၏ ဗလာရင်ဘတ်ပေါ်တွင် သူမလက်တွေထင်ခဲ့ခြင်းကိုပင် သူမသတိမပြုမိသည်အထိပင်........
အချိန်အတေည်ကြာသည်အထိ နမ်းပြီးသည့်နောက်တွင်တော့ ကျစ်ဟန် သူမကိုလွှတ်ပေးလိုက်တော့သည်။သူမ၏ ဒေါသနီရဲနေသည့်
ချစ်စရာမျက်နှာလေးကိုမြင်ပြီးနောက် သူနောက်တဝ်ကြိမ်ထပ်နမ်းချင်လာခဲ့သည်။
သို့သော် သူ့ကိုယ်သူထိန်းချုပ်လိုက်ပါ၏။
"ကိုယ်gayလို့ ထင်နေတုန်းပဲလား"
(tnတို့ကိုတစ်ခါလောက်လာနမ်းကြည့် လုံးဝမထင်ဘူး🤧🤧🤧🤧🤧)
ဒီအပိုင်းက တော်တော်တိုတာသိပေမယ့်
နားထပိုးကောင်ဝင်နေတဲ့ကြားကပြန်ထားတာမို့သည်းခံပြီးသာဖတ်ပေးကြပါ။
မနက်ဖြန်ဆေးခန်းသွားပြရတော့မယ့် အသွေးလေး🥺🥺
ESTÁS LEYENDO
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
RomanceIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.
