"မစ် ရှီဖန်းလည်းလူရွေးပွဲသွားခဲ့တယ်တဲ့
ဒါပေမယ့် သူမငြင်းခံလိုက်ရတယ်။ သူမက အတွေ့အကြုံရှိတဲ့ သရုပ်ဆောင်တစ်ယောက်လေ။ သူမရဲ့သရုပ်ဆောင်မှုကကောင်းတယ်။
ပြီးတော့ သူမကစိတ္တဇအစ်မနေရာကို ကောင်းကောင်းသရုပ်ဆောင်နိုင်လိမ့်မယ်။
သူမကိုမရွေးဘဲ လူသစ်တစ်ယောက်ကိုရွေးခဲ့တဲ့အတွက် ငါတို့သူမအတွက်တရားမျှတမှုလိုအပ်တယ်။ "ရှီဖန်းရဲ့ fanတစ်ယောက်က ကောမန့်ပေးလေသည်။"ငါတို့ မစ်ရှီဖန်းအတွက်တရားမျှတမှုလိုချင်တယ်။ သရုပ်ဆောင်ပြောင်းပေး!! အဲ့ဒီအောက်တန်းစားမိန်းမကိုအလိုမရှိဘူး။"
"ဒီရုပ်ရှင်မှာ များစွာသောနာမည်ကြီးရုပ်ရှင်သရုပ်ဆောင်တွေပါဝင်ကြမှာ။ သူတိာ့ကြားထဲမှာ မိန်းမပျက်ကို မမြင်ချင်ဘူးနော်။
ငါတို့မျက်လုံးလေးတွေ မညစ်ညမ်းချင်ဘူးဟေ့"" ဟုတ်တယ်။ ဒီလိုလူမျိုးဆတွ ရုပ်ရှင်မှာပါနေပြီဆိုရင် ငါတို့ဒီရုပ်ရှင်ကိုမကြည့်ဘူးနော်"
"ငါရုပ်ရှင်ထုတ်လုပ်သူတွေကို သရုပ်ဆောင်ပြောင်းဖို့ အကြံပေးပါရစေ။ သူတို့ဒီလိုလူမျိုးကိုရုပ်ရှင်မှာဆက်ထားနေမဟ်ဆိုရင်တော့ သူတို့ ညစ်ညမ်းရုပ်ရှင်တစ်ပုဒ်(R-rated)ကိုသာဖမ်းတီးလိုက်ကြပါတော့"
"ဟုတ်တယ်။ သရုပ်ဆောင်ပြောင်းပါ။
သရုပ်ဆောင်ပြောင်းပါ!!!"လူတိုင်းကောမန့်ပေးလာသည်။ ရှီဖန်းရဲ့ပရိတ်သတ်အချို့က သည်နေရာကိုရှီဖန်းအားပေးဖို့ပြောလာကြသည်။ဒီကောမန့်တွေအကုန်လုံးကိုကြည့်ကာ ရှီဖန်း
ရယ်လိုက်သည်။ အခုအသစ်ကလေးဘာလုပ်မယ်ဆိုတာ အရမ်းမြင်ချင်နေပြီ။ဘယ်သူကမှသူမဟာ *အံ့ဖွယ်စကြာဝဠာ*ကလို့မသိကြလေဘူး။ ဒါကြောင့် သူမသာPRအလုပ်တစ်ခုခုလုပ်ခဲ့မယ်ဆိုရင်လည်း
လူသစ်က ပါဝါသုံးတယ်လို့ လူတိုင်းကထင်
ကြမှာပင်။ နောက်ပြီး လူရွေးပွဲခွေကလည်း ဖျက်ဆီးပြီးသွားပြီလေ။လီရှောင်လုကိုကူညီနိုင်တဲ့လူတစ်ယောက်မှမရှိတော့ဘူး။ ရှီဖန်း ပျော်ရွှင်စွာသက်ပြင်းချလိုက်သည်။ သူရှိုးပွဲကောင်းတစ်ခုကိုကြည့်ဖို့ မစောင့်နိုင်တော့ဘူး။
*********************
လီရှောင်လုက အခုဖြစ်ပျက်နေတဲ့အခြေအနေတွေကိုတစ်ခုမှမသိလေဘူး။
သူမရဲ့အာရုံစိုက်မှုတစ်ခုလုံးသည် မနက်ဖြန်ပွဲအတွက် ၀တ်စုံဖန်တီးခြင်းတွင်သာ ရှိနေသည်။ဒါကလီရုန့်လန်ရဲ့မျက်နှာကို ပထမဆုံးရိုက်တာပဲဖြစ်တယ်။ မနက်ဖြန်မှာ ဘာကိုမှမမှားစေချင်ပါဘူး ၀တ်စုံတောင်မှပဲ ပြည့်စုံနေရမယ်။
'တင်း တောင်'
သူမတံခါးဘဲလ်မြည်လာခဲ့သည်။
သိမ့်ခနဲတုန်သွားကာ ခေါင်းမော့ပြီးတံခါးကိုမျက်လုံးကျဉ်းကာကြည့်လိုက်သည်။
ဘယ်သူဖြစ်နိုင်မလဲ?သူမရဲ့မပြီးသေးတဲ့ ၀တ်စုံကိုကြည့်လိုက်ပြီး
တံခါးကိုကြည့်လိုက်သည်။ သူမက ၀တ်စုံကိုအလျင်စလိုသိမ်းလိုက်ပြီး အရာအားလုံးကိုသန့်ရှင်းလိုက်သည်။သူမရဲ့အခန်းပတ်လည်ကိုကြည့်လိုက်ပြီး စိတ်ကျေနပ်စွာပြုံးလိုက်သည်။ အခုတော့ သူမဘာလုပ်နေတယ်ဆိုတာဘယ်သူမှမပြောနိုင်တော့ဘူး။'တင်း တောင် တင်း တောင် တင်းတောင်'
ဘယ်သူလဲ နည်းနည်းလေးတောင်စိတ်မရှည်နိုင်ဘူးလား။လီရှောင်လု စိတ်အနှောက်အယှက်ဖြစ်ကာ တိုးတိုးပြောလိုက်သည်။
တံခါးကိုဖွငိ့ကာ ရှေ့ကိုကြည့်လိုက်တော့ သိမ့်ခနဲတုန်သွားသည်။" အစ်မရန်းမီ" သူမမျက်နှာတွင် အပြုံးတစ်ခုဖြစ်ပေါ်လာလေသည်။
"ရှောင်လု ငါ့ဖုန်းကိုဘာလို့မကိုင်တာလဲ။
ငါနင့်ကိုအကြိမ်များစွာခေါ်ပေမယ့် နင်တစ်ခါလေးတောင်မကိုင်ဘူး။ ငါဘယ်လောက်စိတ်ပူခဲ့ရသလဲနင်သိလား" ရန်းမီကပြောကာပင်သူမအခန်းတွင်းသို့ခြေလှမ်းကျယ်များဖြင့်လျှောက်ဝင်သွားသည်။တံခါးပိတ်ပြီးတော့ ရှောင်လုရန်းမီစီလျှောက်သွားလိုက်သည်။ သူမစီမှာ ရန်းမီပေါ်လာတာကိုအခုထိ ပဟေဠိဖြစ်နေတုံးပဲ။သူမကို ရေတစ်ခွက်ပေးရင်း ရှက်ရွံ့စွာဆိုလိုက်သည်။
"အစ်မရန်းမီ ကျွန်မ ဖုန်းကိုsilentလုပ်ထားမိတာရယ်...."ရှောင်လု၏ ရွှင်ပျနေသည့်မျက်နှာကိုကြည့်ကာစိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
***********************

أنت تقرأ
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
عاطفيةIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.