"နှင်းဆီနီနဲ့ မြေပဲချောကလက်တွေ
ဒါတွေက လီရုန့်လန်ရဲ့အကြိုကိတွေမဟုတ်ဘူးလား ။ရှင်လူမှားပြီးပေးတာမဟုတ်တာ သေချာရဲ့လား။ ရှင်လူမှားပေးနေတာမဟုတ်ဘူးဆိုတာ သေချာရဲ့လား ".သူမမေးလိုက်သည်။
ချန်းယုဖန်မျက်နှာက ဖြူဖျော့သွားသည်။
ဒါတွေက လီရုန့်လန်ရဲ့အကြိုက်တွေပဲ။
သေစမ်း!!
"လီရုန့်လန်ကလည်း ဒါတွေကြိုက်တယ်လား။ ကိုယ်မသိခဲ့ဘူးကွာ"သူက
အံ့သြနေသည့်ဟန်ဖြင့်ပြောသည်။
"ရှောင်လု မင်းဒါတွေကိုမကြိုက်ဘူးလား"
သူက ၀မ်းနည်းပြီး ရှက်အန်းအန်းမျက်နှာဖြင့်မေးလေသည်။
ရှောင်လုက သူသူမကိုပေးသည့်ပစ္စည်းမျာစကို ဘယ်သောခါမျြှငင်းမည်မဟုတ်မှန်းသူသိသည်။ သာမန်အချိန်မှာတောင်မှ သူမကထိုအရာကို ရတနာတစ်ခုကဲ့သို့ သိမ်းထားမည်ဖြစ်သည်။ သူမကဒါတွေကိုမကြိုက်ရင်တောင်မှ ဘာမှပြောမှာမဟုတ်ဘူးလို့ အလွန်အမင်းယုံကြည်လို့နေသည်။
"မကြိုက်ဘူး....."ရှောင်လုက ပြတ်သားသည့်အသံနှင့်ငျြးလေသည်။ "ကျွန်မ မြေပဲနဲ့ဓာတ်မတည့်ဘူး ပြီးတော့ကျွန်မအနီရောင်ကိုမုန်းတယ်..."
ချန်းယုဖန်"..."
"ဒီပစ္စည်းတွေက ကျွန်မအတွက် ဘဟ်ခိုမှအသုံးမ၀င်တာကြောင့် ရှင်လီရုနိ့လန်ကိုပေးသင့်တယ်။ သူမအရမ်းပျော်ရွှင်နေမှာ"
လီရှောင်လုက အကြံပေးရင်း ထိုအရာများကိုပြန်ပေးလိုက်သည်။
ချောကလက်နှင့် နှင်းဆီပန်းအနီများကိုကြည့်ပြီး မျက်ခုံးပင့်လိုက်ကာ
"အနီရောင်က မင်းအကြိုက်ဆုံးအရောင်မဟုတ်လား"
"မဟုတ်ဘူး.....လီရုန့်လန်အကြိုက်ဆုံးအရောင်"သူမပြန်ဖြေလိုက်သည်။
aသောက်ရေးမပါတာ!!
ချန်းယုဖန်က သူ့ကိုယိသူအပြစ်တင်လိုက်မိသည်။ သူမနဲ့နီးစပ်ဖို့ သူ့အခွင့်အရေးကိုပစ်ထုတ်လိုက်မိပြီ။
"ရုန့်လန်ရဲ့ အကြိုက်ဆုံးအရောင်က အနီလား ။ တော်တော်တိုက်ဆိုင်တာပဲ
"အမ်းးး"သူမက မထူးခြားစွာပြန်ပြောလေသည်။
လီရှောင်လု၏ မထူးခြားသောမျက်နှာနှင့် ဂရုမစိုက်သောအသံတို့က သူ့ကိုအတွေးနက်သွားစေသည်။အရင်တုန်းက သူဘယ်အချိန်ပဲလာလာ သူ့ကိုချစ်မြတ်နိုးစွာ ကြည့်နေခဲ့သည်။ ပြီးတော့ သူ့ကိုခေါ်သည့်အခေါ်အဝေါ်လည်း ပြောင်းသွားထဲ့သည်။ အရင်က သူမကယုဖန်ဟုရင်းနီးစွာခေါ်သည်။ အခုဆတာ့ လုံးဝသူစိမ်းတစ်ယောက်ကို ခေါ်သကဲ့သို့ ချန်းယုဖန်ဟုခေါ်နေလေပြီ။
VOCÊ ESTÁ LENDO
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
RomanceIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.
