လီရှောင်လုတံခါးဆီကိုလျှောက်သွားတဲ့အခါ လီမိသားစုကပျော်ရွှင်သွားတော့သည်။ အဲ့ဒီအချိန်မှာ ကျစ်ဟန်နဲ့ဟုယုထျန်တို့က စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်ကြသည်။
"ဟေး ကျစ်ဟန် မင်းမိန်းမကပြန်တော့မယ်လို့ ငါထင်တယ်" ကျစ်ဟန်ကလီရှောင်လုကို မေးစက်တဲ့မျက်နှာထားနဲ့ကြည့်နေတာမြင်တဲ့အခါ ဟုယုထျန်ကစလိုက်သည်။
ကျစ်ဟန်ကသူ့မျက်ခုံးကိုပင့်ပြီး တစ်ဖန်မျက်မှောင်ကြုတ်သွားပြန်သည်။
"ဒီနေ့ငါ့ဇနီးသာပြန်သွားမယ်ဆိုရင်
နောင်အနာဂတ်မှာ မင်းကိုယ်တိုင်အတွက် ဇနီးရဖို့မစဉ်းစားနဲ့"
ယုထျန်ကသူ့သူငယ်ချင်းကိုကြည့်ရင်း မျက်ရည်တုတြွေဖာကျလို့နေသည်။ တစ်ယောက်ယောက်များပြောပြနိုင်မလား
ဘာကြောင့်ကျွန်တော်ကဒီမကောင်းဆိုးဝါးနဲ့သူငယ်ချင်းဖြစ်နေတာလဲလို့?
"ငါကသူမရဲ့ ဘော့စ်ပါ ကျစ်ဟန်
မင်းစိတ်ပူစရာမလိုပါဘူး။ငါတားမှာပါ"
လီရှောင်လုက သူမနှလုံးသားထဲမှာ လှောင်ပြောင်ရယ်မောရင်း တံခါးဆီသို့လျှောက်သွားလိုက်သည်။
ဒီနေ့သူမရဲ့ပန်းတိုက်ဟာ သူမကလီမိသားစုရဲ့ အကြီးဆုံးသမီးဖြစ်တယ်ဆိုတာကို အသိပေးရန်ဖြစ်သည်။ အိုးးး လီရိုဘင်းနဲ့ယုရူရှီ
ရှင်တို့ဘယ်လိုတောင်ထင်နိုင်ကြတာတုန်း
ကျွန်မကကျွန်မရဲ့ပန်းတိုက်ကို မအောင်မြင်ဘဲထွက်သွားမယ်လို့လေ။
တံခါးဆီကိုသွားတဲ့ ခြေတစ်လှမ်းတိုင်း သူမစိတ်ထဲရေတွက်ထားခဲ့သည်။
5.........
4......
3......
တစ်ချိန်တည်းမှာပဲ လီရှောင်လာကို အများနဲ့မတူဘဲကွဲပြားစွာကြည့်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကမနေနိုင်ဘဲမေးလိုက်သည်။
"Mrလီ အဲ့ဒီအမျိုးသမီးငယ်လေးက ဘယ်သူလဲ"
ထိုလုပ်ငန်းရှင်က ထိုအမျိုးသမီးက လယ်လောက်လှပြီးဘယ်လောက်ကျော့ရှင်းကြောင်း သူတွေ့ခဲ့သည်။ သူမရဲ့ပတ်လည်မှာ မြင့်မြတ်ပြီးကျက်သရေရှိတဲ့ အော်ရာတွေရှိနေသည်။
ထိုမိန်းကလေးက သြဇာရှိတဲ့မိသားစုထဲကဖြစ်မည်ဟု ထင်သည့်အတွက်မေးလိုက်ခြင်းဖြစ်သည်။
VOCÊ ESTÁ LENDO
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
RomanceIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.
