အပိုင်း ၁၃

709 110 0
                                    

"မစ်ရန်းမီ ရှင်နဲ့ကကျွန်မနောက်ဆုံးမြင်ခဲ့တဲ့ အခေါက်ထက်တောင် ပိုလှနေပါလား။
ရှင့်ရဲ့လက်အောက်မှာ သရုပ်ဆောင်တစ်ယောက်ကို စာခုပ်ချုပ်လိုက်ပြီဆို။ ဒီလိုကံကောင်းတဲ့ ပုဂ္ဂိုလ်က ဘယ်သူပါလိမ့်နော်"

ရန်းမီကယာဉ်ကြောပိတ်ဆို့မှုထဲတွင်ရောက်နေခဲ့သည်ဒါကြောင့်သူမနောက်ကျမည်ဖြစ်ကြောင်း လီရှောင်လုကိုကြိုတင်အသိပေးထားခဲ့သည်။
လီရှောင်လာက သူမအဆင်ပြေပါတယ်လို့အာမခံသည့်အတွက်ကြောင့် သူမစိတ်သက်သာရာရခဲ့သည်။

ဒီကိုရောက်လာတဲ့အခါ လီရှောင်လုကို လူအများကြီးဝိုင်းပြီးအနိုင်ကျင့်နေတာမျိုးကို မျှော်လင့်မထားခဲ့ပေ။ သူမရဲ့အနုပညာရှင်ကိုအနိုင်ကျင့်နေသည့်အတွက် အလွန်ဒေါသထွက်လို့နေသည်။

သူတို့က *အံ့ဖွယ်စကြာဝဠာ*နဲ့စာချုပ်ချုပ်ထားတဲ့ ငါ့အနုပညာရှင်ကိုအနိုင်ကျင့်ရဲတယ်ပေါ့လေ
ဟမ့်! သူတိာ့ကိုယ်သူတို့ဘာလို့ထင်နေကြတာလဲ။
လီရှောင်လုသူမကိုကူညီပေးပြီးနောက်ပိုင်းတွင်
လီရှောင်လာကို ညီမလေးအဖြစ် ရန်းမီသတ်မှတ်ထားခဲ့သည် ။
အခုသူတို့ကငါ့ညီမလေးကိုအနိုင်ကျင့်နေကြတယ်ပေါ့လေ......

အမျက်ချောင်းချောင်းထွက်ကာ ရန်းမီအခြေအနေမှာ မုန်တိုင်းထန်လို့နေတော့သည်။
သူမက လီရှောင်လုဘေးတွင် မတ်တပ်ရပ်လိုက်သည်။ လီရေဏ္ဍင်လုရဲ့တည်ငြိမ်ပြီး သက်ရောက်မှုမရှိတဲ့မျက်နှာကိုကြည့်ပြီး အံ့သြသွားတော့သည်။

ဒီလိုအခြေအေနေမျိုးကြုံရမည်ဆိုလျှင်
ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်သည့်သူတွေတောင်ပြိုလဲသွားနိုင်
ကြောင်း ရန်းမီကောင်းကောင်းသိသည်။သို့သော လီရှောင်လုကတော့ ကျိန်ဆဲစော်ကားခံရတာ သူမမဟုတ်သည့်အတိုင်း မတ်တပ်ရပ်နေတော့သည်။
သူမလီရှောင်လုကိုစကားပြောဖို့ပြန်စဉ်တွင် တစ်စုံတစ်ယောက်၏အသံကိုကြားလိုက်ရသည်။

သူမနှင့်ရင်းနီးနေသကဲ့သို့ ပြောနေတဲ့အမျိုးသမီးကိုကြည့်လိုက်သည်။
ရန်းမီက"ရှင်က........"ဟုပြန်မေးခဲ့သည်။
ရန်းမီရဲ့အမေးကိုကြားသည့်အခါ ရှောင်လုကတခစ်ခစ်ထရယ်လာပြီးရှီဖန်းမျက်နှာကအပြုံးတို့တောင့်သွားသည်။ ရှီဖန်းက ရှောင်လုရယ်သံကြောင့် ရှက်ကိုးရှက်ကန်းဖြစ်ခြင်းကို လျစ်လျှူရှုကာ

ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နားحيث تعيش القصص. اكتشف الآن