Shit!ရှင်ကဘာလို့ခုချိန်မှထွက်လာရတာလဲ
လက်ထောက်ရွှယ်ကအခုမှ ကျစ်ဟန်သဘောကျတဲ့လူကိုပြောမလို့ပါဆို...
သူမရှင်းပြရန်ရှေ့ကိုကြည့်လိုက်သည်။
"ကျစ်ဟန် ကျွန်မလက်ထောက်ရွှယ်ကို
ရှင့်ရဲ့ အချိန်စာရင်းအကြောင်းမေးနေတာ"
"တကယ်လား"
ကျစ်ဟန်က မျက်လုံးကိုမှေးကျဉ်းကာ
မေးလိုက်ပြီး အဖြေကလက်ထောက်ရွှယ်ကိုရည်ရွယ်လိုက်ခြင်းပင်။
"ဟုတ်တယ်ဟုတ်" လက်ထောက်ရွှယ်
လီရှောင်လုက ထပ်မေးလိုက်သည်။
လက်ထောက်ရွှယ်က သူ့ရဲ့သွေးအေးဘော့စ်ကိုကြည့်လိုက်သည်။ ထို့နောက် မစ်လီကိုကြည့်လိုက်သည်။ အတွင်းစိတ်က ခိုက်ခိုက်တုန်ရင်းပင် "ဟုတ်ပါတယ် ဘော့စ်
မဒမ်ကဘော့စ်ရဲ့ အချိန်စာရင်းကိုမေးနေတာပါ။ သူမက ဘော့စ်အားလား မအားလားသိချင်နေတာပါ"
ကျစ်ဟန်သူတို့နှစ်ဉီးစီက ထွက်လာသည့်စကားတစ်လုံးချင်းစီကိုမယုံကြည်ပေမယ့် ထပ်မမေးတော့ချေ။ သူကလီရှောင်လုစီသို့ လျှောက်သွားလိုက်ရင်း ပြုံးကာ
"မင်းကိုယ့်ကိုသိပ်တွေ့ချင်နေတာ ကိုယ်သိပါတယ်"
"ဟမ်"သူမက ရှုပ်ထွေးသွားရကာ ကျစ်ဟန်ကိုကြည့်လိုက်သည်။
သူမနှာခေါင်းကိုဖျစ်ရင်း ကျစ်ဟန်ကလှောင်ပြုံးကာပြောသည်။ " ဖွင့်ပွဲပြီးရင် ကိုယ်စောငိ့နေမယ်ဆိုတာ မင်းသတိရရရင်သိပ်ကောင်းမယ်"
သူကသူရဲ့ လျော်ကြေးအတွက် ဖွင့်ပွဲပြီးရင်စောင့်နေဖို့ တကယ်ပင်ပြောခဲ့သည်ကို သူမရုတ်တရက်သတိရသွားသည်။သူမဒေါသကြောင့်မျက်နှာနီမြန်းသွားတော့သည်။
"သတိရ..ငါ့ရဲ့..."သူမကျစ်ဟန်ကိုအပြစ်တင်ဖို့ကြံနေစဉ်မှာပင် ကျစ်ဟန်ကသူမကိုဖြတ်ပြောလာသည်။ "ဒါကြောင့် မင်းသူ့ကိုကိုယ့်အချိန်ဇယားမေးနေတာပေါ့လေ"
ငါကိုယ့်သေတွင်းကိုယ်တူးခဲ့မိတာလား?
ငါဟုတ်တယ်လို့မပြောနိုင်သလို မဟုတ်ဘူးလို့လဲမပြောနိုင်ပြန်ဘူး။လီရှောင်လု ငိုချင်သလိုလိုပင်ဖြစ်လာတော့သည်။ တစ်ယောက်ယောက်ငါ့ကိုဒီအရှက်မရှိတဲ့
နှာဘူးကောင်စီကနေ မကယ်နိုင်တော့ဘူးလား...?
သူမအမူအရာကိုမြင်ပြီးကျစ်ဟန်ရယ်လိုက်သည်။ သူမနှုတ်ခမ်းပေါ် အနမ်းတစ်ပွင့်ခြွေပီးနောက် သူမခေါင်းကိုဖွဖွလေးပုတ်လိုက်သည်။
"ကိုယ့်ကို စောင့်ဖို့သတိရ..."
ကျစ်ဟန်သည် ရုပ်ထုကဲ့သို့ရပ်နေသည့်
သူ့လက်ထောက်ကိုကြည့်ကာ
"သွားစို့ ရွှယ်ရိဟုန်.."
"ဟ.....ဟုတ်ကဲ့ဘော့စ်"
အထစ်ထစ်ပြောကာ သူ့ဘော့စ်နောက်မှလိုက်သွားလေတော့သည်။
ကျစ်ဟန် နှာဘူးကောင်ကြီး!!
ငါ့ခြေထောက်ကြီးကိုပဲ သတိရပါလား...
ဖွင့်ပွဲပြီးတာနဲ့ ငါသေချာပေါက်ရှင့်ဆီကနေ ပြေးမှာ.......
*********************
အသွေးက နောက်ထပ်စာဆက်ရေးဖြစ်မှာမဟုတ်တော့ပါဘူး။
ဒီSMကိုတော့ Xiao-kuaက
ဘာသာဆက်ပြန်ပေးပါမယ်တဲ့။
တနင်္ဂနွေနေ့စပြီးတင်မယ်ပြောတာပဲ။
တကယ်လို့ သူစရင်အသွေးရဲ့cinversationမှာ တင်ပေးပါလိမ့်မယ်။
တာဝန်မကျေခဲ့မှုအတွက် အားလုံးကိုတောင်းပန်ပါတယ်။
အားလုံးကျန်းမာရေးဂရုစိုက်ကြပါ။
ВЫ ЧИТАЕТЕ
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
Любовные романыIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.
