ရှောင်လု ဤခံစားချက်ကိုမည်သို့ဖော်ပြရမှန်းမသိချေ။ သူမ၏ ဘ၀နှစ်ခုလုံးအတွက် ပထမဆုံးအနမ်းဖြစ်လေသည်။ သူမအသက်မရှူနိုက်ပေ။ သူမရဲ့ ပါးတွေဟာနီရဲနေပြီး
နှလုံးကတော့ အဆမတန်ခုန်နေလေပြီ။
ကျစ်ဟန် သူမကိုတစ်ခုခုဆမးတာကို မကြားမိလောက်အောင်ပင် အလွန်ကိုတွေဝေနေသည်။ သူမရဲ့မျက်လုံးတွေက ကျစါဟန်၏ ဗလာရင်ဘတ်ပေါ်တွင် မြဲမြံနေ၏။
သူမရဲ့ရှေ့က ဒီလူကသောရမ်း ဟော့တာပဲ!!
တိတိရိရိရှိလှသည့် ရင်ဘတ်ကိုကြည့်ရင်း
အဲ့ဒီ့ ကြွက်သားတွေ..........သူ့မ၏စိတ်ဗလာကျင်းသွားတော့၏။ သူမ၏ အသိအမှတ်ပြုမှုကိုတွေ့လိုက်တာကြောင့်
ကျစ်ဟန်ပျော်ရွှင်လို့နေပေသည်။
"ရှောင်လု ကိုယ်ဆွဲဆောင်မှုရှိတာကိုရှာတွေ့ပြီလား" သူမေးသည်။
စိုက်ကြည့်နေမိခြင်းအပေါ် မိသွားသည့်အတွက် သူမပါးပြင်တွင်အနီရောင်လှိုင်းများဖြတ်သန်းသွား၏။သူမလက်တွေကို သူ့ရင်ဘတ်မြှပန်ယူချင်သော်လည်း သူကမြဲမြံစွာဆုပ်ကိုင်လို့ထားချေပြီ။
"ကိုယ်ကခန့်ညားလား"သူကမေးလေသည်။
"ဟင့်အင်း...."လီရှောင်လုက သူ့ရင်ဘတ်ကိုအကြည့်မရောက်ဖို့ကြိုးစားရင်းလိမ်လိုက်သည်။ သူမမျက်နှာကတော့ အရည်ရွှမ်းကာရင့်မှည့်သည့်ခရမ်းချဉ်သီးလိုမျိုးနီရဲလို့နေပေသည်။
"ရှင်....ရှင်အင်္ကျီဝတ်လို့ရမလား"
သူမက အထစ်ထစ်အငေါ့ငေါ့ဖြင့်မေးလေသည်။
"မင်းကိုယ့်ဘာသာ ဘာကြောင့်မထိန်းချုပ်နိုင်တာလဲ"
သူ သူမကိုစနောက်လိုက်၏။
(Tn မကြည့်ဘဲမနေနိုင်ဘူးလားလို့မေးတာအဟိ)
"ရှင်...!!!"
ဒီလူ....လုံးဝကိုအသိဥာဏ်မရှိဘူးလား!!
သူမတစ်ချိန်တည်းမှာပင် ဒေါသထွက်မှုနှင့် ရှက်ရွံ့မှုခံစားနေရ၏။ သူမမျက်နှာက ငါးပူတင်းလိုမျိုးဖြစ်နေမယ်ဆိုတာ သူမပြောနိုင်တယ်။
သူမမျက်လုံးကိုပိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့ခန္ဓာကိုယ်ကို အထက်အောက်စုန်ဆန်ကြည့်ပြီး
"အို.....တကယ်တော့မဟုတ်ဘူးပေါ့!!
ကြည့်စရာများများစားစားရှိတယ်ရယ်လည်းမဟုတ်လှပါဘူး "
(T/N ချစ်မကပြောရဲဆိုရဲနော်)
CITEȘTI
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
DragosteIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.
