"မင်းချန်းယုဖန်အပေါ် ခံစားချက်ရှိနေသေးလား"
သူမထံမှအဖြေကို သူ စိတ်ရှည်စွာစောင့်ဆိုင်းဆနသည်။ သို့သော်ဘာမျှမကြားရပေ။ သူမအဖြေကို မကြားရသည့်အခါ သူနှလုံးသည် ပြေးနေသည့် မြင်းတစ်ကောင်ကဲ့သို့ခုန်ပေါက်နေလေပြီ။ သူမနှလုံးသားထဲမှာအဲ့ဒီ့ဆန်ကုန်မြေလေးကောင်အတွက် ခံစားချက်ရှိနေသေးတာလား။
သူမချန်းယုဖန်ကို မုန်းသည်ကိုလသူသိသည်။ သို့သော် မည်မျှမုနိးသည်ကို သူသေချာမသိပေ။ မင်းချစ်ခဲ့တဲ့ တစ်စုံတစ်ယောက်ကိုမေ့ဖို့ဆိုတာ မလွယ်ကူလှပေ။ ပြီးတော့ သုမကအဲ့ဒီ့လူဖျင်းကောက်ကို အတော်လေးချစ်ခဲ့တာဖြစ်သည်။
သူမနှလုံးသားထဲတွင် အဲ့ဒီ့လူသွမ်းအတွက်ခံစားချက်ရှိနေသေးလား သိချင်မိသည်။
သူ သူမအဖြေကိုကြောက်နေမိသည်။
သူမက 'ရှိသေးတယ်'ဆိရင် သူဘာလုပ်မလဲ။
ဒါပေမယ့် သူသိချင်နေတုံးပဲ....
ဘယ်လိုပဲဖြစ်နေပါစေ သူ့တွင်သေချာတာတစ်ခုရှိသည်။ သူမကိုအဲ့ဒီ့အလကားကောင်ဆီ ပြန်ဖို့ခွင့်ပြုမှာမဟုတ်ပေ။
မကြာခင်မှာပဲ သူမနှလုံးသားထဲ သူနေရာယူပြီး သူမကိုလက်ထပ်မည်ဖြစ်သည်။
"ရှောင်လု.. မင်းသူ့အပေါ်ခံစားချက်တွေရှိနေသေးလား" သူနောက်တစ်ကြိမ်ထပ်မေးလိုက်သည်။ အဖြေမရှိပေ...
အဖြေပြန်မရသည့်အခါ ခေါင်းအုံးမှအနည်းငယ်ကြွပီးသူ့လက်မောင်းထဲရှိ သူမကိုငုံ့ကြည့်လိုက်သည်။ သူမအေးအေးချမိးချမ်းအိပ်ပျော်နေတာကိုမြင်သည့်အခါ သူပြုံးလိုက်သည်။
လီရှောင်လုသူမကိုယ်သူမအိပ်ပျော်သွားမှန်းပင်မသိလိုက်ချေ။ သူမတစ်နေ့လုံးပင်ပန်းထား၍ဖြစ်နိုင်သလို ကျစ်ဟန်ထံမှရရှိသည့် လုံခြုံမှုနှင့်နွေးထွေးမှုကြောင့်လည်း ဖြစ်နိုင်သည်။
သူမနှုတ်ခမ်းကိုနမ်းလိုက်ပြီး
good nightပြောကာ မျက်လုံးတွေမှိတ်လိုက်လိုက်တော့သည်။ ထိုညကကျစ်ဟန်၏ မျက်နှာတွင်လှပသည့်အပြုံးတစ်ခုဖြင့် အိပ်ပျော်သွားတော့သည်။ ကျစ်ဟန်ထိုအချိန်လေးကို ရပ်တနိ့ထားချင်မိသည်။
ВЫ ЧИТАЕТЕ
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
Любовные романыIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.
