"ချန်းယုဖန်က နင့်ရည်းစားလား"
ရန်းမီမေးလိုက်သည်။
လီရှောင်လုက ပခုံးနှစ်ဖက်ကိုပင့်ကာ
"ဟုတ်သလိုလိုပဲ"
"ဟမ်"
သူမအဖြေကိုကြားသိပြီးနောက် ရန်းမီစိတ်ရှုပ်ထွေးသွားသည်။ ထိုစကားတွေကိုကြားပြီးနောက် သူမ၏ဉီးနှောက် ပေါက်ဆတာ့မလိုခံစားလိုက်ရသည်။
"ချန်းယုဖန်က လီရုန့်လန်ရဲ့ကောင်လေးမဟုတ်ဘူးလား"
လီရှောင်လုရဲ့လက်ကိုဆွဲပြီး ထိုကိခုံမှာ ထိုင်စေလိုက်ပြီးမေးလိုက်သည်။
"ရှောင်လု ဘာတြွေဖစ်နေတာလဲ။
ငါတစ်ခုမှ နားမလည်တော့ဘူး။
နင်၊ လီရုန့်လန်နဲ့ချန်းယုဖန် နင်နဲ့ကြားမှာဘာတြွေဖစ်နေတာလဲ။ လီမိသားစုမှာ ဘာတြွေဖစ်ပျက်နေတာလဲ?"
ရန်းမီသူမအတွက်စိုးရိမ်နေတာကိုမြင်ပြီး
သူမဘေးမှာဒီလိုအစ်မကောင်းတစ်ယောက်
ရှိနေသည့်အတွက် သူမပျော်ရွှင်သွားရသည်။သူမကသက်ပြင်းချကာ
"အစ်မရန်းမီ အစ်မကိုကျွန်မအကုန်ပြောပြမယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှတော့သွားမပြောပါနဲ့"
"ကောင်းပြီ ငါမပြောပါဘူး။
ဒါပေမယ့် နင်အဆင်ပြေမှပြောပြပါ။
ကိုယ့်ကိုယ်ကိုယ်ဖိအားးမပေးပါနဲ့"
"ကျွန်မရဲ့အစ်မကိုပြောပြရမှာပဲ
ဘာနာကျင်စရာရှိမှာလဲ"သူမပြုံးလိုက်သည်။
ထို့နောက်တော့ သူမအစကနေပြန်ပြီး ပြေလိုက်သည်။သူမပြန်လည်မွေးဖွားလာသည် ဟူသောအချက်ကိုချန်ထားကာ သူမကိုမည်သို့ဆက်ဆံကြောင်း၊ သူတို့အတွက်သူမလုပ်ပေးခဲ့တာတွေ၊ ပြီးတော့ လီရုန့်လန်နဲ့ ချန်းယုဖန်တို့အကြောင်းပါ အကုန်ပြောပြလိုက်သည်။
ရန်းမီ လက်သီးကိုတင်းကြပ်စွာဆုပ်လိုက်သည်။ သူမရဲ့မျက်လုံးတွေက ကတ်ကြေးတစ်ချောင်းလိုထက်ရှလာသည်။ ရှောင်လုရဲ့ ဇာတ်ကြောင်းကိုနားထောင်ပြီး
သူမရင်ထဲမကောင်းပေ တစ်ချိန်တည်းမှာပင် သူမသိပ်ကိုဒေါသထွက်လို့သွားသည်။
"အဲ့လိုမိဘမျိုး ဘယ်လိုရှိနေနိုက်တာလဲ?
ဘယ်လိုလုပ် နင့်မိသားစုအရင်းတွေက အဲ့လိုပြုမူနိုင်တာလဲ?ငါ စိတ်ပျက်စရာလူအတော်များများကို တွေ့ဖူးပါတယ်။ဒါပေမယ့် ဒီလိုမျိုးကတော့ တစ်ခါမှ......"ရန်းမီသည် အရူးတစ်ယောက်လို မြန်မြန်ပြောမေသည်။
ВЫ ЧИТАЕТЕ
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
Любовные романыIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.
