အပိုင်း ၄၁_၁

570 95 3
                                        

"ကိုယ်မင်းကိုမကြိုက်ဘူး..."ကိုယ်ကချစ်တာ။ ကျစ်ဟန်ပြောပြလိုက်ချင်သည်။ သို့သော်ယနေ့ဝန်ခံလျှင် သူ့အချစ်ဘ၀လေးကမစခင်ပြီးဆုံးသွားမည်ဆိုသည်ကိုလည်း သိသည်။

သူမနှလုံးသားကိုကွဲကြေစေခဲ့သည့် ချန်းယုဖန်ကိုမည်မျှမုန်းကြောင်း သူကောင်းစွာသိသည်။ ပြီးတော့ သူ့ကိုယ်သူကတိပေးသည်။ သူမနှလုံးသားမှာရှိတဲ့အက်ရာတွေအကုန်ကို
သက်သာစေမည်။

သူသူမကိုမကြောက်လန့်စေချင်ပေ။
ဒါကြောင့် သူမနှလုံးသားထဲကိုအပြည့်အ၀နေရာမယူခင် ဖြည်းဖြည်းချင်း သူ့နည်းလမ်းသူ့ဟန်နဲ့ သူမနှလုံးသားဆီသွားဖို့ရည်ရွယ်ထားသည်။

သူ့အဖြေကိုကြားသည့်အခါ ရှောင်လု စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၀မ်းနည်းမှုသေးသေးလေးခံစားလိုက်ရသည်။
ဘာကြောင့်ဆိုတာ သူမမသိပေ။

"ကောင်းတယ် ..."သူမကသမ်ူဝေရင်းပြေလိုက်သည်။

"မင်း ဘာလို့မေးတာလဲ"
ကျစ်ဟန်မေးလိုက်သည်။

"အကြောင်းပြချက်မရှိဘူး"
ရှောင်လုက စိတ်မ၀င်စားဟန်ပုခုံးတွန့်ပြရင်း
ကျစ်ဟန်ကိုကြည့်လိုက်သည်။

"လူလိမ်မလေး, မင်းဘာကြောင့်ကိုယ့်ကိုမေးတယ်ဆိုတာ ကိုယ်သိတယ်"
ကျစ်ဟန်ပြုံးကာပြောသည်။

"အိုး ရှင်သိတယ်ပေါ့"
ရှောင်လုက သူ့ကိုမျက်ခုံးပင့်ကာကြည့်လိုက်သည်။

သူကခေါင်းညိတ်ကာ"ဒါပေါ့ ကိုယ်သိတာပေါ့။ မင်းကိုယ့်ကိုကြိုက်စပြုနေပြီလေ။
ကိုယ့်အနမ်းတစ်ပွင့်က မင်းကိုအချစ်မှာစတင်​ပျော်ဝင်နေစေပြီလေ။ အရေးကြီးဆုံးအချက်က ကိုဟ်ကသိပ်ခန့်ညားပြီး သိပ်ကိုဆွဲဆောင်မှုရှိနေတော့ မင်းကိုယ့်ကိုယ်ကိုယ်မထိန်းနိုင်ပြန်ဘူးလေ။ ဒါကြောင့် ကိုယ့်ခံစားချက်ကိုမေးတာပေါ့။ ကိုယ်မှန်တယ်ဟုတ် "

"ဟုတ်တယ် ကျွန်မရှင့်ကိုချစ်နေပြီ"

သူရှောခ့်ရသွားခဲ့သည်။ သူကသူမကိုစနောက်ဖို့ပြောခဲ့တာသာဖြစ်ပြီး သူမဆီကဤသို့အဖြေမျိုးမျှော်လင့်မထားပေ။

ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နားOnde histórias criam vida. Descubra agora