Hickey?
ရုန့်လန်က ထိတ်လန့်သွားကာ မသိစိတ်ကြောင့် လက်မြှောက်လိုက်ပြီး Hickeyဘယ်နေရာမှာလဲဆိုတာသိရန်စမ်းလိုက်သည်။
ချန်းယုဖန်က သူမကောင်လေးဆိုသည်ကို လူတိုင်းနီးပါးသိသည့်အတွက် တမင်မဖုံးပဲထားခဲခြင်းဖြစ်သည်။ ရှောင်လုပေါလာပြီး ဒီဒရမ်မာမျိုးဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားခဲ့ပေ။ ဒါကြောင့်သူမကအဲဒီ့အကြောင်းကို မေ့လုနီးနီးပဲ............
ချန်းယုဖန်က အနည်းငယ်လျှော့ရသွားခဲ့သည်။သူ့နှလုံးသားထဲကနေ ရုန့်လန်ကိုအပြစ်တင်လိုက်သည်။မဆင်းလာခင် သူမတတ်နိုင်သမျှဖုံးဖို့ပြောခဲ့သည်။ ဒါပေမယ့်အခုတော့ရှောင်လုမြင်သွားပြီ။
အကယ်၍ သူမသာသံသယ၀င်သွားရင် သူတို့ကြားမှာ အကွာအဝေးတစ်ခူဖန်တီးပြီးသားဖြစ်သွားလိမ့်မည်။
လီရုန့်လန်က အဲ့ဒါကိုသတိပြုလိုက်မိတဲ့အခါ အနည်းငယ်ရှက်ကိုးရှက်ကန်းခံစားလိုက်ရသည်။
"မမဒါကhickeyမဟုတ်ပါဘူး
ခြင်ကိုက်ရာပါ"
"ခြင်ကိုက်ရာ?"ရှောင်လုက ရှုပ်ထွေးတဲ့အကြည့်နဲ့ကြည့်ရင်းမေးလိုက်သည်။
လီရုန့်လန်ရဲ့ဖြေရှင်းချက်ကိုကြားလိုက်တဲ့အခါ ချနိးယုဖန်လှောင်ပြုံးပြုံးလိုက်သည်။
မြင်လား......သူဘာကြောင့်သူမကိုကြိုက်တယ်ဆိုတာမပဲ။ သူမကကလိမ်ဥာဏ်သိပ်များသည်။
ရှောငိလုကခေါင်းခါလိုက်ကာ
"ရုန့်လန် ဒါခြင်ကိုက်ရာမဟုတ်ဘူး
hickeyပဲ "
"မမ နင်မှားနေပြီ"
လီရှောင်လုက တခစ်ခစ်ရယ်ကာ
"ရုန့်လန် hickeyကဘယ်လိုမျိုးလဲဆိုတာ
ငါသိတယ်"
ဒါကိုကြားမိတော့ ရုန့်လန်ရူးတော့မလိုပဲ။
သူမကချန်းယုဖန်ရဲ့ လက်မောင်းကိုတင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။
Hickeyကဘယ်လိုဆို သူမဘယမလိုသိတာလဲ။ သူမနဲ့ယုဖန်နဲ့က ဖြစ်ခဲ့ဖူးတယ်လား။
{TN ဖြစ်ဆိုတာရှင်တို့ထင်တာပဲ}
No no မဖြစ်နိုင်ဘူး ။ အကိုယုဖန်ကသူမကိုဘယ်လိုကြိုက်မှာလဲ။
ဖြစ်နိုင်သမျှအရာတွေတွေးရင်း ချန်းယုဖန်ရရဲ့မျက်လုံးတွေလဲပြူးကျယ်သွားတော့သည်။ သူမမှာငါ့အပြင်တခြားကောင်လေးရှိသေးတာလား?သူမကငါ့အပြင် တခြားကောင်လေးနဲ့ဖောက်ပြန်သေးတာလား?
VOCÊ ESTÁ LENDO
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
RomanceIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.
