ရှောင်လု၏ ရွှင်ပျနေသောမျက်နှာကိုကြည့်ကာ ရန်းမီစိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။
"ကောင်းတယ် နင်အဆင်ပြေနေတာတွေ့ရတာ ငါတကယ်ဝမ်းသာတယ်။ နင်အဲ့ဒီကောမန့်တွေကိုမြင်ပြီး စိတ်ဓာတ်ကျနေမယ်လို့ထင်နေတာ"
စိတ်ရှုပ်ထွေးစွာပဲ သူမမျက်ခုံးတို့စုကြုံ့သွားပြီး မေးလိုက်သည်။
"အစ်မရန်းမီ ဘယ်ကောမန့်တွေအကြောင်းပြောနေတာတုန်း""နင်မသိဘူးလား"
လီရှောင်လု ခေါင်းရမ်းလိုက်သည်။
ရန်းမီကသူ့ဖုန်းကိုယူကာ တစ်စုံတစ်ရာရိုက်ပြီးနောက် ရှောင်လုကိုပေးလိာက်သည်။ဖုန်းကိုယူပြီးနောက် သူမကကောမန့်အားလုံးကိုဖက်ပြီး ရယ်ရတယ်လို့ခံစားလာရသည်။
သူမအနုပညာရှင်ရယ်နေတာကိုကြည့်ပြီး
သူမအနုပညာရှင်က ရှော့ခ်အကြီးကြီးရကာ ရယ်နေသည်ဟုထင်လိုက်၏။ပြီးတော့ဘာလို့သူမလဲ?
တကယ်လို့တစ်ယောက်ယောက်က သူမကိုဆန့်ကျင်ဖို့ အကွက်ချထားတယ်ဆိုရင် သရုပ်ဆောင်လုပ်ဖို့တောင် ဆုတောင်းနေလိာက်တော့....ဒီမနက်မှ ရန်းမီကဒီပိုစ့်နှင့် များပြားလှသောကောမန့်များအကြောင်းသိရခြင်းဖြစ်သည်။
သူမရဲ့အနုပညာရှင်ကိုဆန့်ကျင်ဖို့အကွက်ချသည့် တစ်စုံတစ်ယောက်ကိုအရိပ်အမြွက်အနေနဲ့ သူမသိရှိပြီးဖြစ်၏။အဲ့ဒီနောက် ဒါရိုက်တာရီဆီမှ လူရွေးပွဲတိတ်ခွေဖျက်ဆီးခံလိုက်ရခြင်းကို ကြားသိလိုက်ရ၏။ သူမ သု့ကိုနှစ်သိမ့်ပြီးနောက်
ဘော့စ်ဟုနှင့်စကားပြောခဲ့သည်။ဒါကြောင့် သူမရှောင်လုကိုအကြိမ်များစွာဖုန်းခေါ်ခဲ့သော်လည်း ကိုင်ခြင်းမရှိခဲ့ပေ။ဤသို့ဖြင့် သူမအခန်းသိုအလျင်စလိုပြေးလာခဲ့သည်။
"ရှောင်လု နင်အဆင်ပြေရဲ့လား"ရန်းမီမေးလိုက်သည်။
ဖုန်းကိုပြန်ပေးရင်း "ဒါပေါ့.....ညီမအဆင်ပြေပါတယ် အစ်မရန်းမီ။ ဒီလိုကောမန့်မျိုးက
ကျွန်မကိုစိုးရိမ်အောင် လုပ်နိုင်မှာတဲ့လား ..."သူပြောတာကိုကြားရပြီးနောက် ရန်းမီစိတ်သက်သာရာရသွားခဲ့၏။
"နင်ကအရဲရင့်ဆုံးပဲ။ ဒီလိုကောမန့်တွေကို စိတ်ထဲထည့်စရာမလိုဘူး။ အဲ့ဒီ့အသိဥာဏ်မရှိတဲ့လူတွေက အမှန်တရားမှမသိဘဲ။ ဒါကြောင့်ဒါတြွေဖစ်လာရတာ....."
"ကျွန်မသိတယ် အစ်မရန်းမီ။
တစ်စုံတစ်ယောက်သောသူကတော့
လူတွေကိုသွေးထိုးတဲ့နေရာမှာ အတော်တော်တာပဲ။ "ရန်းမီကခေါင်းညိတ်ကာ
"အဲ့ဒီတစ်ယောက်က ဘယ်သူလဲဆိုတာနင်သိလား"ရှောင်လုက ရယ်ရင်း
"ကျွန်မတို့ရဲ့ နေမကောင်းတဲ့အစ်မကြီး
မစ်ရှီဖန်းကလွဲပြီး ဘယ်သူဖြစ်ဉီးမှာလဲ""သူမကက ငါတျု့ကိုအရူးထင်နေပုံပဲ။
IDအတုလုပ်၊ အမှိုက်ပို့စ်နဲ့ လူရွေးပွဲခွေကိုတောင် ဖျက်လိုက်သေး....ငါ့အနုပညာရှင်ဆိုတာသိနေသေးတာတောင် ငါတို့ဆန့်ကျင်ရဲနေသေးတယ်ပေါ့။ " ရန်းမီက လှောင်လိုက်ပြီး ဆက်ပြောလာသည်။
"ဒီတစ်ကြိမ်ငါ သူမကိုအလွတ်မပေးတော့ဘူး။ ငါ့အနုပညာရှင်က အနိုင်ကျင့်ဖို့လွယ်ကူမနေဘူးဆိုတာ သိအောင်ပြရမယ်""ဟုတ်တယ် အစ်ရန်းမီ သူမကရှိုးကောင်းတစ်ခုမျှော်လင့်နေပုံပဲ။ ဒါဆိုရင်တော့ သူမမျှော်လင့်တာဖြစ်လာစေလိုက်ရအောင်"
ရန်းမီရယ်ကာ"ဒါပေါ့ ငါတို့လုပ်လိုက်ကြရအောင်....."
"စကားမစပ် ဘောစ့်ဟုရော ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်တုန့်ပြန်မှုရှိလဲ?"
"သူအရမ်းဒေါသဖြစ်နေပြီး နင့်အကြောင်းကိုလူတိုင်းကိုပြောပြချင်နေတာ။ ဒါပေမယ့် ငါတားလိုက်နိုင်ပါတယ်"
"ကျေးဇူးပါ အစ်မရန်းမီ။
တကယ်လို့ သူသာညီမက အစ်မရဲ့လက်အောက်ကအနုပညာရှင်ဆိုတာ လူတိုင်းသိသွားရင် ကျွန်မအစီအစဉ်တွေပျက်ကုန်တော့မှာ..."ရန်းမီကခေါင်းညိတ်ကာ
"ဒါပေါ့ ငါကအဲ့လိုအဖြစ်ခံနိုင်ပါ့မလား။
မီးထဲကိုပဲ လောင်စာထည့်ပေးလိုက်မယ်
ဟဲ ဟဲ"တင်း တောင်**
နောက်တစ်ကြိမ်တံခါးခေါင်းလောင်းမြည်လာသဖြင့် အမျိုးသမီးနှစ်ယောက်စလုံး
တံခါးကိုကြည့်လိုက်ကြသည်။
ဘယ်သူဖြစ်နိုင်လဲ?တံခါးနားကို တိတ်တိတ်လေးလျှောက်သွားပြီး ချောင်းကြည့်ပေါက်ကနေကြည့်လိုက်သည်။ သူမမျက်လုံးပြူးကျယ်သွားကာ
မျက်မှောင်ပါကြုတ်သွားတော့သည်။သာကဘာလို့ဒီနေရာမှာပေါ်လာရတာလဲ??
********

BẠN ĐANG ĐỌC
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
Lãng mạnIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.