သူ့အတွေးနဲ့သူ အလုပ်ရှုပ်နေသည့်ကျစ်ဟန်က ရှောင်လုကကြောက်ရွံ့နေသည်ဟု ခံစားလိုက်ရသည်။သူမရဲ့တုန်လှုပ်နေပုံကိုကြည့်ကာ သူမျက်ခုံးပင့်လိုက်သည်။ နောက်ပြီး သူမကတစ်စုံတစ်ရာကို တိုးတိုးညည်းညူနေတာကိုကြားလိုက်ရသည်။
သူကအနည်းငယ်ကိုင်းကာ သူမပါးစပ်နဲ့နီးကပ်အောင်တိုးလိုက်သည်။
"ကျွန်မကို မထားခဲ့ပါနဲ့ ကျေးဇူးပြုပြီး တော့
ကူညီပါ......ကယ်ပေးပါ"
သူမအိပ်မက်ဆိုးမက်နေတာလား?
သူကသူမဘေးမှာဝင်လဲလိုက်ပြီး လက်မောင်းတွေနဲ့ ပွေ့ဖက်ထားလိုက်၏။
သူမခေါင်းကို ကြင်နာစွာပွတ်သပ်ပေးလိုက်သည်။သူမနဖူးမှာ အနမ်းခြွေရင်း သူတီးတိုးပြောလိုက်သည်။
"အရာအားလုံးအဆင်ပြေသွားမှာပါ။
မင်းမှာ ကိုဟ်ရှိတယ်။ ကိုယ်ဘယ်တော့မှ မင်းကိုတစ်ယောက်ထဲထားမသွားဘူးနော်...."
သူ့စကားတွေကို နားလည်လို့ဖြစ်မယ် သူမကအနည်းငယ်ငြိမ်ကျသွားသည်ကိုသူခံစားလိုက်ရ၏။ သူမက သူ့ရင်ခွင်ထဲသို့တိုးဝှေ့လာပြီး နှုတ်ခမ်းထက်တွင်အပြုံးတစ်ပွင့်ဖြသ်ထွန်းလာတော့၏။
နောက်ဆုံးတော့ သူမငြိမ်းချမ်းစွာအိပ်ပျော်သွားပြီး ဘယ်အိပ်မက်ဆိုးမှဒုက္ခပေးဟန်မတုတော့ချေ။ သူမနှုတ်ခမ်းထက်တွင် အနမ်းခြွေရင်း သူ့မျက်လုံးတို့မှိတ်ကာ အိပ်စက်ခြင်းသို့.......
******************
နောက်တစ်နေ့မနက်တွင် လီရှောင်လုက သူမလက်မောင်းကိုဆန့်တန်းရင်း မျကိနှာတွင်အပြုံးတစ်ပွင့်ဆင်မြန်းကာ နှိုးထလာခဲ့သည်။
သူမအိပ်ခဲ့ရသမျှထဲတွင် ဒီတစ်ခါအိပ်လို့အကောင်းဆုံးပဲ!
သူမပြန်လည်မွေးဖွားလာကတည်းက
သူမအသက်ရှင်လျှက်မီးရှို့ခံရသည့်မြင်ကွင်းကို ထပ်ကာထပ်ကာအိပ်မက်နေဆဲဖြစ်သည်
ဒါပေမယ့် မနေ့ကဖြင့် ခွဲပြားလေသည်။
သူမအိပ်မက်ထဲတွင် , သူမမီးထဲရှိနေစဉ်က အကူအညီတောင်းသည့်အခါ လူတစ်ယောက်ပေါ်လာကာ သူ့လက်ကိုဆန့ထုတ်ပေးလာသည်။ သူ့လက်ကိုကိုင်ကာ သူမမီးထဲမှလုံခြုံစွာထွက်လာနိုင်ခဲ့သည်။
သူကသူမနဖူးကိုနမ်းကာ ဘယ်လိုအခက်အခဲဒုက္ခတွေထဲကဖြစ်ဖြစ် သူသူမကီုအမြဲတစေ
ကဟ်တင်မယ်လို့ ကတိပေးခဲ့သည်။သူမကယ်တင်ရှင်ရဲ့မျက်နှာကိုမြင်ဖို့တောင်အခွင့်မသာလိုက်ပေ သို့ပေမယ့် သူကကတိပေးပြီးနောက် အနွေးဓာတ်ကိုသာချန်ရစ်ခဲ့ပြီးချက်ချင်းပျောက်ကွယ်သွားသည်။
YOU ARE READING
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
RomanceIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.
