အပိုင်း ၃၂-၃၃

781 123 4
                                    

တံခါးဖွင့်လိုက်သည်နှင့် လီရှောင်လုအားဤသို့မြင်ကွင်းကကြိုလင့်နေ၏။
သူမက အပေါ်ပိုင်းဗလာနှင့်CEOကျန်း၏ လက်မောင်းကြား၌ သူမ၏ဘော့ကိုမြင်လိုက်ရသည်။ သူမဤကဲ့သို့ ဒွိဟဖြစ်ရာအနေအထားကိုမြင်သည့်အခါ မေးရိုးပြုတ်ကျသွားတော့၏။

လီရှောင်လုကိုကြည့်ပြီး သူ့လက်မောင်းထဲမှလူအားအ​ဝေးသို့တွန်းထုတ်လိုက်ကာ
သူ့ကိုယ်သူအပြစ်တင်မိတော့၏။
သူမငါ့ကိုနောက်တစ်ကြိမ်အထင်လွဲသွားပြန်ပြီ!!!

ယုထျန်က ရုတ်တရက်အတွန်းခံလိုက်ရသဖြင့် ယိမ်းယိုင်သွားသည်။ သူကကြက်သေသေနေသည့် လီရှောင်လုကိုကြည့်ကာ ရယ်လိုက်သည်။

ဟဟ ...တကယ်ကိုအချိန်ကိုက်ပဲ!!

"ရှောင်လု..."

CEOကျန်း သူမနာမည်ကိုခေါ်လိုက်သည့်အခါ သူမမျက်လုံးတို့ခက်သွား၏။
သူမကအချိန်မှားပြီးရောက်လာခဲ့တာကို သတိရသွားပြီး စတင်တောင်းပန်တော့သည်။
"ကျွန်မတောင်းပန်ပါတယ် ဘော့စ်ဟု၊ CEOကျန်း .....ကျွန်မတကယ် အချိန်မှားတစ်ခုမှာရောက်လာခဲ့တာပဲ ဟဲဟဲ။ကျေးဇူးပြုပြီး ဆက်လုပ်နော် ရှင်တို့နှစ်ယောက် လုပ်နေကြတာကို ။ ကျေးဇူးပြုပြီးဆက်နော် ......ဟီးဟီး"

ကျစ်ဟန်"....."

ဟုယုထျန်"......."ငါတော့သေပြီ!!တစ်ယောက်ယောက်များ ငါ့ကိုမကယ်နိုင်ပြတော့ဘူးလား။

*

"ဘော့စ် ဟု ကျွန်မတကယ် တကယ့်ကိုတောင်းပန်ပါတယ်။
ကျွန်မနဲ့ CEOကျန်းကြားမှာ ဘာမှမဖြစ်ခဲ့ပါဘူး။ မနေ့က ကျွန်မမူးနေတာကြောင့် CEOကျန်းကို နမ်းမိသွားတယ်။အဲ့ဒီ့အချိန်မှာ ကျွန်မCEOကျန်းမှန်းတောင်မသိခဲ့ဘူး။
သိခဲ့ရင် ကျွန်မမနမ်းပါဘူးတကဟ်ပါ"
လီရှောင်လုက ဘော့စ်ဟုအားအရာရာရှင်းပြရန်ကြိုးစားရင်းပြောလေသည်။

သူမပြောတာကိုနားထောင်ပြီး သူမျက်မှောင်ကုတ်လိုက်သည်။ ထို့နောက် မျက်လုံးတို့မှေးကျင်းကာ သူမကိုကြည်လိုက်သည်။ သူမဘာကိုဆိုလိုတာလဲ?
သူ့နေရာမှာ တခြားတစ်ယောက်ဆိုရင်လဲ သူမနမ်းဉီးမယ်လို့ဆိုလိုတာလား?

ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နားKde žijí příběhy. Začni objevovat