လီရှောင်လုရဲ့ဘေးမှာ ချမ်းသာတဲ့မိသားစုကအမျိုးသမီးတွေ ပတ်လည်ဝိုင်းလို့နေသည်။ သူတို့က သူမကိုStateကသူမရဲ့ဘ၀အကြောင်း၊ သူမရဲ့အလှအပနဲ့ နောက်ထပ်အများကြီးကို မေးကြသည်။ သူမကတော့ အားလုံးကိုယဉ်ကျစွာပြန်လညိဖြေကြားနေသည်။
ယုရူရှီကတော့ သူမဘေးမှာ သိပ်ချစ်ပြီးဂရုစိုက်တဲ့ မိခင်တစ်ယောက်လိုမျိုးမတ်တပ်ရပ်လို့နေသည်။
ဒါကသူမဘာပြောတယ် ဘာလုပ်တယ်ဆိုတာကိုစောင့်ကြည့်ရုံသက်သက်ဆိုတာသူမသိသည်။
"မစ်လီ ရှင်ကအမှန်တကယ်လှတာပဲ ဒီဂါဝန်ကလည်း လှတဲ့အထဲကတစ်ခုပဲ။ ဒါကြောင့်ဒီဂါဝန်ဘယ်က၀ယ်လဲဆိုတာ ပြောပြနိုင်မလား
ဒါက ဘယ်Brandပါလိမ့်"
အမျိုးသမီးငယ်တစ်ဉီးက သူမကိုမေးခဲ့သည်။
"ဒါကLXလို့ခေါ်တဲ့ ဒီဇိုင်နာအသစ်ရဲ့လက်ရာပါ။
မထင်မှတ်ဘဲသူမကိုတွေ့ပြီး ကျွန်မ၀ယ်ဖြစ်သွားတာ"
သူမက ယဉ်ကျေးစွာပြန်ဖြေလိုက်သည်။
"ဒီဇိုင်နာ အသစ်တဲ့လား။
ဒီဝတ်စုံကတကယ်ကိုလှတာ"
သူမက အမှန်တကယ်အံ့အားသင့်စွာပြန်ပြောခဲ့သည်။
အချိန်အတော်ကြာတဲ့နောက် လီရှောင်လုကခွင့်တောင်းကာ
ဖျော်ရည်တစ်ခွက်ယူပြီး ထောင့်နားမှာ မတ်တပ်ရပ်နေလိုက်သည်။ သူမရဲ့အစီအစဉ်အတိုင်းဖြစ်သွားတဲ့အတွက် သူမကျေနပ်လို့နေသည်။
သူမကယောက်ျားလေးအလာပ်သမားအဖြစ်ရုပ်ဖျက်ကာ
မီးဆိုင်းပဒေသာအဖွဲ့မှာ အလုပ်လုပ်ခဲ့သည်။သူမဒါကိုလုပ်နေစဉ်အတွင်းအလွန်သတိထားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူမရဲ့အစီအစဉ်တွေသာကျရှူံးသွားခဲ့ရင် အခြားသူများကိုထိခိုက်စေလိမ့်မည်။
သူမက အဲ့လိုအဖြစ်မျိုးမလိုချင်ပေ။
သူမရဲ့ရဲ့တစ်ခုတညသောပန်းတိုင်ကလီစုံတွဲကို
ကြောက်စေချင်တာဖြစ်ပြီး အဲ့ဒီအခြေအနေကနေ သူမမည်သူမည်ဝါဖြစ်ကြောင်းထုတ်ဖော်ဖို့
အကျိုးရလဒ်ယူချင်တာသာဖြစ်သည်။
သူမက ဒီလူတွေရဲ့ပုတ်ခတ်စော်ကားခြင်းခံရစေခဲ့တဲ့ သူမညီမကိုလည်း ကျေးဇူးတင်ချင်သေးသည်။
ဒါကသူမအစီအစဉ်ကို ကူညီတဲ့လက်နဲ့တူပြီး အရာအားလုံးကပိုလို့တောင် သင့်တော်နေသေးသည်။
သူမကမီးဆိုင်းကိုလုပ်နေစဉ်မှာ ဒါကနည်းနည်းရက်စက်တယ်လို့ခံစားရပေမယ့်
အသက်ရှင်နေတဲ့လူတစ်ယောက်ကို မီးရှို့ပြီးသတ်တာနှင့်ယှဉ်လျှင် ဒါကဘာမျှမဟုတ်တာကိုသတိရမိသည်။
သူမကသူမရဲ့နှလုံးသားကိုပြန်မာလိုက်ပြီး
ထိုအရာကိုလုပ်ခဲ့သည်။
သူမရဲ့တည်ရှိမှာကိုထုတ်ပြနိုင်ရုံမက
သူမရဲ့အနာဂတ်ဖက်ရှင်ဆိုင်ကိုပါ Promotionဆင်းနိုင်ခဲ့ပြီ။
ဒါကြောင့်သူမအပြည့်အ၀ပျော်ရွှင်ကာ ပျော်ရွှင်မှုက နှစ်ဆဖြစ်လို့နေသည်။လီရုန့်လန်နဲ့ ချန်းယုဖန်သူမဆီကိုလျှောက်လာတာမြင်တဲ့အခါ
သူမကလှောင်ပြုံးပြုံးလိုက်သည်။
လီရုန့်လန်က အဲ့ဒီခွေးမရဲ့မျက်နှာကို မျကိရည်ကလွဲပြီး ဘာမျှရှိမနေစေချင်ဘူး။
ဒါပေမယ့်သူမမလုပ်နိုင်သေးပေ။
သူမက လက်သီးကျစ်ကျစ်ဆုပ်ကာ အပ့စ်ကင်းတဲ့အပြုံးလေးပြုံးပြီး လီရှောင်လုစီလျှောက်သွားလိုက်သည်။
ချန်းယုဖန်က ဒီဘ၀င်ခိုက်စေလောက်တဲ့အလှလေးကို အနီးကပ်မြင်ရတဲ့အတွက် ကျေနပ်လို့နေသည်။
သူလီရှောင်လုကိုစကားပြောချင်သည်။
ဒါပေမယ့် လီရုန့်လန်ရှေ့မှာ သူမတို့နှစ်ယောက်လုံး သံသယဖြစ်စေမည့်စကားမျိုး မပြောသင့်တာသူသိသည်။
(အကင်းပါးတဲ့ ခေတ်သစ်နွား:3)
သူကသူရဲ့ကိုယ်ရည်ကိုယ်သွေးကို သူတို့ရှေ့မှာဖုံးကွယ်ထားခဲ့သည်။
ဒါကြောင့်သူက အဲ့ဒါကိုသက်ရောက်စေတဲ့အထိ မရူးမိုက်သေးပေ။ အဲ့ဒါထက် သူကဒီအလှလေးနှစ်ယောက်စလုံးကို ချစ်ချင်သည်။
"မမ"
YOU ARE READING
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
RomanceIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.
