ဟုယုထျန် အလျင်အမြန်ပဲ ရုံးကိုပြေးဝင်လာသည်။ သူကလက်ထောက်ရွှယ်ကို ခေါင်းညိတ်ပြပြီး ကျစ်ဟန်ရဲ့အခန်းထတံခါးကိုဖွင့်လိုက်သည့်အခါ အမှောင်ထုကိုသာမြင်ရသည်။ပြီးတော့ အခုမှငရဲကနေထွက်လာသလိုမျိုး အမှောင်ထုနောက်ခံနဲ့ လူတစ်ယောက်ရဲ့ပုံရိပ်ကိုတွေ့လိုက်ရသည်။
တံတွေးမြိုချပြီး သူအထဲဝင်သွားကာတံခါးပိတ်လိုက်သည်။မီးဖွင့်ပြီး အခန်းတစ်ခုလုံးကိုမြင်လိုက်ရသည့်အခါ သူအံ့သြလွန်းသွားခဲ့ရ၏။ အခန်းတစ်ခုလုံးက ဖန်ကွဲစတွေနဲ့ဖျက်ဆီးခံထားရပြီး ကြမ်းပြင်ပေါ်မှာ အရက်ပုလင်းအချို့လဲနေသေးသည်။သူနဲ့ကျစ်ဟန်ဟာ ငဟ်ငဟ်လေးကတည်းကသိကျွမ်းခဲ့ကြတာဖြစ်ပြီး သူ့သူငယ်ချင်းရဲ့ဒေါသကိုသိသည်။ ဒါပေမယ်အခုဟာကနည်းနည်းတော့.....
သူတစ်ခါမှ ကျစ်ဟန်ဒီလောက်ဒေါသထွက်တာမျိုးမမြင်ဖူးချေ။ သူက အရက်ပုလင်းကိုလက်မှာကိုင်ပြီး ကျောက်တုံးလိုထိုင်နေသည့်ကျစ်ဟန်အနားသို့ ဂရုတစိုက် လျှောက်သွားလိုက်သည်။ကျစ်ဟန်က အရက်သောက်ခဲသည်။ ဒီကနေ့တော့လသူကအရက်နံ့နံဟောင်လို့နေသည်။
"ကျစ်ဟန် ဘာဖြစ်တာလဲ"
ဟုယုထျန်က ကျစ်ဟန်ဘေးမှာဆောင့်ျကြာင့်ထိုင်ရင်း သူ့လက်ထဲကအရက်ပုလင်းကိုယူကာမေးလိုက်သည်။
"ငါ ချစ်မိသွားတာ...."ကျစ်ဟန်က ၀မ်းနည်းနေသည့်အပြုံးဖြင့်ပြန်ဖြေလာသည်။ဟုယုထျန် ခေါင်းကုတ်လိုက်သည်။
'အဲ့ဒါက အောင်ပွဲကျင်းပသင့်တာမဟုတ်လား။''အောင်ပွဲကျင်းပချင်ရင် အရက်သောက်တာက အဆင်ပြေတယ်လေ ဒါပေမယ့် တစ်စုံတစ်ယောက်က သူချစ်မိသွားလို့အခန်းတစ်ခုလုံးကိုဘာကြောင့်ခွဲပစ်ရတာလဲ'
သူရဲ့မျက်နှာကလည်း သူပျော်ရွှင်နေတာမဟုတ်ကြောင်းပြောနေတယ်။
သူ သူနဲ့တူညီတဲ့လိင်အပေါ်မှာများ စိတ်ဝင်စားသွားတာလား / ?အိုး!!!!
"အဲ့ ....အဲ့ဒါက ယောက်ျားလေးတစ်ယောက်လား?"သူက တုန်ယင်နေတဲ့အသံနဲ့မေးလိုက်သည်။
ကျစ်ဟန်က ချက်ချင်းခေါင်းမော့လာပြီး သူ့ကိုစူးစိုက်ကြည့်လေပြီ။
"မိန်းကလေးတစ်ယောက်.........လီရှောင်လု"
သူနှုတ်ဖျားမှ သူမရဲ့နာမည်နူးညံ့စွာ ထွက်ဆိုလာသည်။
ဟုယုထျန်မျက်လုံးပြူးရပြီ။
သူ့နားသူမယုံနိုင်ပေ။
နောက်ဆုံးတော့ ဒီမကောင်းဆိုးဝါးက တကယ်ပဲချစ်မိသာံးပြီးပေါ့....
"သူမမှာ ကောင်လေးရှိနေတယ်" ကျစ်ဟန်
အော်ဟစ်ကာပြောသည်။
"အဲ့ဒီတော့ ဘာဖြစ်လဲ?မင်းက လူတိုင်းထက် ထူးခြားသာလွန်နေတာပဲ။
သူမမင်းကိုတစ်ခါတွေ့တာနဲ့ မင်းကိုချစ်လာမယ်လို့ ငါလုံးဝပြောနိုင်တယ်"
ကျစ်ဟန်က ခေါင်းခါလိုက်ပြီး
"ငါတို့တွေ့ပြီးပြီ"
"ဘာ?မင်းတို့တွေ့ပြီးပြီ ဟုတ်လား"
ဟုယုထျန်အမေးငို ကျစ်ဟန်ခေါင်းညိတ်လိုက်ပါ၏။
"ဟ ဟ မင်းကသောက်ရမ်းခန့်ညားတာလေ။ သူမမင်းကိုမြင်ပြီး တစ်ခုခုတော့ခံစားသွားရမှာပဲ ဟုတ်တယ်ဟုတ်"
ကျစ်ဟန်က ခေါင်းပြီး မကျေနပ်ချက်တို့ ထွက်ပြူစပြုလာ၏။
" ဟင့်အင့် သူမအဲ့လိုမရှိဘူး"
ဟုယုထျန်ရဲ့မျက်လုံးက အံ့အားသင့်မှုနဲ့ပြူးကျယ်သွားပြီး သူနောက်ထပ်ထပ်မေးလိုက်သည်။
"သူမကောင်လေးက မင်းထက်ခန့်ညားလို့လား"
"ဟင့်အင်း"
သူက အေးစက်စွာ ပြန်ဖြေသည်။
"အဲ့ဆို ဘာလို့?"
"ငါ မျက်နှာဖုံးတပ်ထားလို့
သူမငါ့မျက်နှာကိုမမြင်နိုင်ဘူး...."
သူက စိတ်ဓာတ်ကျနေသည့်အသံနှင့် ပြန်ဖြေလေသည်။
"အို့....အဲ့တော့ဘာဖြစ်လဲ။
နောက်တစ်ခါသူမကိုသွားတွေ့ရင် မျက်နှာဖုံးတပ်မသွားနဲ့ ။ သူမမင်းကိုချစ်သွားလိမ့်မယ်လို့ ငါရဲရဲကြီးပြောရဲတယ်။ အဲ့လိုမှမဟုတ်ရင်လည်း ငါတို့ကောင်မလေးကို ဖြတ်ခုတ်ပြီး သူ့ကောင်လေးကိုမုန်းအောင်လုပ်လိုက်မယ်လေ....." ဟုယုထျန်က ရယ်ကာပင်သူ့သူငယ်ချင်းကို စိတ်ပြေဖို့ကြိုးစားနေရှာသည်။
.....*******************
ВЫ ЧИТАЕТЕ
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
Любовные романыIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.
