ခေါ်သူရဲ့နာမည်ကိုကြည့်ပြီး သူမမျက်မှောင်ကြုတ်သွားတော့သည်။ သူမရဲ့ချစ်လှစွာသောအဖေက ဘာကြောင့်အခုခေါ်တာလဲ?
နှုတ်ခမ်းထက်တွင် ချိုမြိန်သည့်အပြုံးတစ်ပွင့်
ထားရင်း နှုတ်ဆက်လိုက်သည်။
"ကောင်းသောမနက်ခင်းပါ အဖေ"
"ကောင်းသောမနက်ခင်းပါ အလိမ္မာလေး"
သူမက လီရိုဘင်းရဲ့ ခရော်ခရွတ်အသံကိုကြားလိုက်သည်။ "ရှောင်လု လီအိမ်တော်ကိုပြန်လာပြီး ငါတို့နဲ့ထမင်းလာစားချေ"
သူကျေးဇူးတင်ပါတယ်လို့မပြောချင်ဘူး။
အဲ့ဒီအစား သူမလာမည်ဖြစ်ကြောင်း
""ကောင်းပြီ အဖေ" ဟုသာပြန်ဖြေလိုက်တော့သည်။
ဖုန်းကိုသိမ်းလိုက်ရင်း သုမတွေးဆနေ၏။
ဘာလို့ သူတို့ကသူမကိုခေါ်ရတာလဲ?
မနေ့ကကြောင့်လား? အဲ့အကြောင်းကြောင့်ပဲဖြစ်ဖြစ် သူမအဲ့ကိုသွားပြီး သူတို့နဲ့တွေ့မှာပဲ....
*******************
လီမိသားစု၏ ထမင်းစားပွဲတွင်........
"အဖေ့ ဘာလို့အဲ့ဒီလီရှောင်လုကိုခေါ်ရတာလဲ" လီရုန့်လန်က ချန်းယုဖန်နဲ့ဆင်းလာပြီးပြီးချင်းမေးလာသည်။
သူမက သူမထိုင်ခုံကိုယူလိုက်ပြီး မကျေနပ်ချက်နှင့်ဆိုလာသည်။
"အဖေ ဘာလို့သူမကိုခေါ်ရတာလဲ။
သမီး သူမကိုမုန်းတယ်"
ချန်းယုဖန်က သူမလက်ကိုညင်သာစွာကိုင်လိုက်ပြီး ပြောလညသည်။
"ရုန့်လန် ဉီးလေးကမင်းရဲ့အဖေပဲ မင်းကိုဟ့်အဖေကိုအဲ့လိုမပြောသင့်ဘူး"
"ကောင်းပြီ..."
လီရိုဘင်းက သူ့သမီးကိုကြည့်ကာပြောလေ၏။
"မင်းသမီးလေး မနေ့ကဘာဖြစ်ခဲ့သလဲမင်းသိပါတယ်။ လူတိုင်းသူမ ရဲ့သရုပ်မှန်တည်ရှိမှုကိုသိသွားကြပြီ။ ပြီးတော့ အဖေက သူမကိုကိစ္စတချို့မေးစရာရှိတယ်"
"အဖေက အိမ်မှာမေးမြှဖစ်မယ့်ဟာမလို့လား ။ သူမကိုဖုန်းထဲကနေ မမေးနိုင်ဘူးလား"
"ရုန့်လန် အဖေ့ကိုသမီးနားလည်သင့်တယ်။
သူမကိုငါတို့မျက်စိအောက်မှာရှိနေဖို့ ဒါကိုလုပ်ရမယ်"
"နောက်မိနစ်အနည်းငယ်ဆိုရင် သူမလာတော့မယ်။ လူတိုင်းပိရိဖို့ သတိပေးထားမယ်" လီရိုဘင်းထပ်ပြောလိုက်သည်။
"ကောင်းပါပြီ"
သူစကားပြောနေစဉ်အတွင်း အိမ်တော်တော်ထိန်းရှုက သူ့နောက်ကလီရှောင်လုနှင့်အတူဝင်လာသည်။သူမကိုကြည့်ပြီး လီရုန့်လန်လက်သည်းတို့ထိုးစိုက်ဝင်သည်အထိမနာလိုစွာ ဆုပ်လိုက်မိသည်။ သူမက ဘာမှမလုပ်တာတောင် ဘာလို့အဲ့လောက်လှနေရတာလဲ?
ချန်းယုဖန်၏မျက်လုံးထဲတွင် လက်သွားပြီး
သူမကိုကြည့်ခိုက်သည်။သူကအရှက်မရှိ သူမကိုယ်လုံးကို စုန်ဆန်ချီကြည့်နေခဲ့သည်။
ဂေါ့!!သူမကိုကြည့်ရုံနဲ့တင် သူ့ကိုထကြွစေတယ်။ သူဘယ်အချိန်များမှာမှ ဒီအလှလေးကိုမြည်းစမ်းခွင့်ရမှာလဲ?
လီရှောင်လုက အိမ်ထိန်းရှုနောက်ကနေလျှောက်သွားပြီး ထမင်းစားပွဲသို့ ဉီးတည်လိုက်သည်။ လူတိုင်းသူမကိုမြင်သည်နှင့်အပြုံးတုတို့ ပေးလာကြသည်။
သူမက သူတို့ကိုပြန်နှုတ်ခွန်းဆက်သကဲ့သို့
ပြန်ပြုံးပြလိုက်သည်။
" ရှောင်လု ထိုင်လေ" လီရိုဘင်းက သူမကိုထိုင်ခုံတစ်ခုယူရန် လက်ဟန်ခြေဟန်ပြပြီး နွေးထွေးစွာပြောလေသည်။
"ရှောင်လု လာထိုက်လေ"
ချန်းယုဖန်က သူ့ဘေးကထိုင်ခုံကိုညွှန်ပြရင်း
ချစ်မြတ်နိုးစွာပြောလေ၏။
ချန်းယုဖန်ရဲ့ အပြုအမူကိုကြည့်ကာ
လီရုန့်လန်သ၀န်တိုလွန်းလို့ ပေါက်ကွဲလုနီးနီးပဲ။ "ရတယ် ချန်းယုဖန်
ကျွန်မအမေ့ကိုလွမ်းနေတာကြောင့် သူမဘေးမှာပဲထိုင်လိုက်တော့မယ်" သူမကပြောရင်းပင် ယုရူရှီဘေးတွင်သာထိုင်လိုက်တော့သည်။
ချန်းယုဖန်ကိုငြင်းလိုက်တာကိုမြင်လိုက်သည့်အတွက်ကြောင့် လီရုန့်လန်ပျော်ရွှင်သွားတော့သည်။ သို့သော် မကြာခင်ပဲသူမကမျက်လုံးကိုမှေးကျင်းကာ လီရှောင်လုကိုသံသယ၀င်စွာကြည့်လိုက်သည်။
သူမဘာဖြစ်နေတာလဲ
ဆေးမှားစားလာတာလား!!!
********************
ကဲကဲ ချစ်လားချစ်လား။
ကတိအတိုင်း၂ပိုင်းတင်လိုက်ပါပြီ။
တို့ကောင်မလေးတွေကောင်လေးတွေအတွက် 😆
ချစ်လား ချစ်ရင်လာပြောရှိန်မနေနဲ့🤪
CZYTASZ
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
RomansIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.
