"မဟုတ်ဘူး ...မင်းကမလှဘူး....."
အဲ့ဒါထက်အများကြီးပိုတယ်။
ဒေါသကြောင့်အနီရောင်ပြောင်းလာသည့် သူမမျက်နှာကိုကြည့်ကာ သူအတော်လေး အူမြူးလာသည်။ သူမနှာခေါင်းကိုညှစ်ပြီး သူစလိုက်သည်။
" မင်းလှတယ်လို့ ကိုယ်ဘယ်လိုပြောနိုင်မလဲ
မဟုတ်ရင် မင်းကိုကိုယ်လာကြည့်မှာမဟုတ်ဘူး"
"ရှင် ရှင့်ရဲ့လျော်ကြေးကိုယူပြီးပြီမလား။
ဒါဆိုသွားတော့...."သူမအော်ဟစ်လိုက်သည်။ အရျက်ေမရှိ၊ ဉီးနှောက်မရှိ၊ စိတ်ခံစားမှုမရှိတဲ့ နှာဘူးကောင်ကြီး သူမစိတ်ထဲတွင်လည်း သူကိုအဆက်မပြတ်ကျိန်ဆဲနေသည်။
"ကိုယ်မသွညးဘူး..."ကျစ်ဟန်ရယ်ကာ
အိပ်ရာ၏အခြားဘက်သို့သွားကာ လှဲချလိုက်သည်။ သူမကို လူပါးဝသောအပြုံးတစ်ခုကိုပေးကာ မျက်စိမှိတ်ပြပြီး
"Good night အလှလေး..."
လီရှောင်လု လုံးဝကြောင်အမ်းသွားတော့သည်။သူ့မျက်လုံးတွေကိုမှိတ်ကာ
သူမအိပ်ရာပေါ်တွင် အိပ်နေတာကိုမြင်သည့်အခါ သူမအလွန်ဒေါသထွက်လာတော့သည်။ သူမကိုလှုပ်ကာ သူအော်ဟစ်လိုက်သည်။
"ကျစ်ဟန် ထ.. ဒါကျွန်မအိပ်ရာလို့"
"ဒါကျွန်မရဲ့အိမ်....ရှင်အဲ့လိုလုပ်လို့မရဘူးဆိုနေ"
"ကျစ်ဟန် ရှင်မထွက်သွားသေးဘူးဆိုရင်
ရှင့်အပေါ်ကို ရေအေးတွေလောင်းချပစ်မှာနော် ပြီးမှသတိမပေးဘူးလို့တော့ မပြောနဲ့"
"ကျစ်ဟန် ရှင်အိပ်ချင်ရင် ရှင့်အိမ်ပြန်အိပ်လေ။ ဘာလို့ကျွန်မအိပ်ရာပေါ်မှာအိပ်နေတာလဲ..."
သူမဘယ်လောက်အော်ဟစ်ပြီး သူ့ကိုအိပ်ရာပေါ်ကတွန်းထုတ်ပစေ အသုံးမ၀င်ပေ။
အရှက်မရှိတဲ့နှာဘူးကြီး ကျွန်မရှင့်ကိုဖယ်ထုတ်ဖို့နည်းလမိးမျိုးစုံသုံးပြီးပြီ ဒါကိုရှင်ကရှိနေတုံးပဲ....
သူမမျက်လုံးကိုကျဉ်းမြောင်းကာ အိပ်ရာဘေးသို့သွားလိုက်သည်။ ထို့နောက် သူ့ကိုကန်ဖို့ခြေထောက်ကိုမ,လိုက်သည်။ ကျစ်ဟန်ကသူမခြေထောက်ကို ရုတ်တရက်ဖမ်းကိုင်ကာဆွဲလိုက်၏။
"အား..."သူမကျယ်လောင်စွာအော်ပြီး
သူ့ကိုယ်ပေါ်သို့ကျသွားတော့၏။
ကျစ်ဟန်၏ နှုတ်ခမ်းသည် လှပစွာကွေးညွတ်သွားပြီးနောက် သူမကိုယ်လုံးကို
သူ့လက်မောင်းတွေနဲ့ ဖမ်းချုပ်ထားလိုက်တော့သည်။
ВЫ ЧИТАЕТЕ
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
Любовные романыIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.
