အပိုင်း ၃

1.2K 101 0
                                        

လီရှောင်လု သူမကိုယ်တိုင်အတွက်ချုပ်ထားတဲ့ဂါဝန်ကိုဝတ်ပြီး
သူမအဖေလက်ကိုကိုင်ကာ လမ်းလျှောက်လာသည့် လီရုန့်လန်ကို ကြည့်လိုက်သည်။

မန်ရွှယ်မင်က လီရှောင်လု သူမမင်္ဂလာဆောင်အတွက်
ရေးစပ်ထားတဲ့"Forever in love with you"ဆိုသည့်သီချင်းတီးနေသည်ကို ကြားလိုက်ရသည်။

လီရှောင်လု ပျော်ရွှင်ပြီးချစ်ရည်ရွှမ်းစွာနဲ့" ဟုတ်ကဲ့"
လို့ တစ်ဉီးကိုတစ်ဉီးပြောကြပြီး အကြင်လင်မယားဖြစ်မြောက်ကြောင်း တစ်ဉီးကိုတစ်ဉီးနမ်းရှိုက်လိုက်တဲ့
လီရုန့်လန်နှင်ချန်းယုဖန်းကို ကြည့်လိုက်သည်။
သူမနှလုံးသားကို တစ်စုံတစ်ယောက်က ထိုးစိုက်နေသလို ထပ်ကာထပ်ကာနာကျင်မှုကို ခံစားလာရသည်။

မင်္ဂလာပွဲအခမ်းအနားပြီးသည့်အခါ ထိုစုံတွဲသည် စင်္ကြန်လမ်းသို့လျှောက်လာလေသည်။ သတင်းထောက်များသည် သူတို့နှစ်ဉီးဆီသို့
ဝန်းရံလာပြီး မေးခွန်းများကို စတင်မေးမြန်းလေတော့သည်။

သတင်းထောက် ၁ :   :"နတ်ဘုရားမလီ မင်းရဲ့မင်္ဂလာပွဲအတွက် ဂုဏ်ပြုပါတယ်။ကျွန်တော်တိာ့အားလုံးက ပျော်ရွှင်ပြီး ကောင်းချီးခံရတဲ့ အိမ်ထောင်သည်ဘ၀ကို ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပါတယ်။ မင်းဟာဒီညှို့ဓာတ်အပြည့်နဲ့ သတို့သမီးဝတ်စုံနဲ့
အလှဆုံးသတို့သမီးပါပဲ။ ဒါ့ကြောင့် ကျွန်တော်တို့အားလုံးက ဒီဝတ်စုံကို LXရဲ့ ဒီဇိုင်းလားဆိုတာ သိချင်နေကြပါတယ်။

လီရုန့်လန်က ခန်းယုဖန်ရဲ့လက်မောင်းကို ပိုမိုတင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
"ရှင့်ရဲ့ဆုတောင်းအတွက် ကျေးဇူးပါရှင်။ ပြီးတော့ ဒါကLXရဲ့ ဒီဖိုင်းဟုတ်ပါတယ်။ "

သတင်းထောက် ၂ :    :"နတ်ဘုရားမလီ၊ ရှင်LXနဲ့ ဆုံဖူးပါသလား? ကျွန်မတို့ကို ဒီလျှို့ဝှက်လွန်းလှတဲ့
ဒီဖိုင်နာအကြာင်း အနည်းအကျဉ်းလောက်ပြောပြဖို့
မျှော်လင့်ပါတယ်။"

လီရုန့်လန်ဖြေအံ့စဲစဲမှာ သူမကိုချန်းယုဖန်ကရပ်တန့်စေလိုက်ပြီး သူမရဲ့နဖူးလေးကိုငြင်သာစွာနမ်းရှိုက်လိုက်သည်။

ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နားDove le storie prendono vita. Scoprilo ora