ညနေ ၅နာရီမှာ လီရှောင်လု စိတ္တဇအစ်မနေရာအတွက် လူရွေးပွဲကိုရောကိရှိလာခဲ့သည်။ အစ်မရန်းမီကအနည်းငယ်နောက်ကျမည်ဖြစ်ကြောင်း ကြိုပြောထား၍ သူမကိုယ်တိုင်ပင်လာခဲ့ခြင်းဖြစ်သည်။
အထဲတွင်လေထုက အနည်းငယ်မှုန်မှိုင်းနေသည်။
ကျော်ကြားတဲ့မျက်နှာများစွာ ရှိနေပြီသည်။
အချို့လူတွေကအလွန်စိတ်လှုပ်ရှုပ်ရှားနေစဉ်
အချို့ကတော့ အဲ့ဒီဇာတ်ကောင်နေရာဟာ သူတို့ဟာဖြစ်လိမ့်မည်ဟု ယုံကြည်ချက်မြင့်မားလွန်းနေကြသည်။
လူရွေးပွဲအတွက်လီရှောင်လု ဒူးလောက်ရှည်တဲ့ဂါဝန်ကို ၀တ်ဆင်လာခဲ့သည်။
၎င်းကသူမကိုချစ်စရာကောင်းစေပြီး တစ်ချိန်တည်းမှာပင် ရင့်ကျက်ဟန်လည်းပေါ်စေသည်။တစ်စုံတစ်ယောက်က သူမကိုစိတ္တဇအစ်မနေရာနဲ့
ယှဉ်ထိုးကြည့်မယ်ဆိုလျှင် သူမကအဓိကအချက်ပေါ်မှာ ၀တ်ဆင်ထားတယ်ဆိုတာ ပြောနိုင်လိမ့်မယ်ဖြစ်သည်။
ဒီဇာတ်ကောင်က လီလီပန်းကိုကြိုက်သည့်အလျောက် သူမက၀တ်စုံပေါ်တွင် လီလီပန်းကိုရင်ထိုးကဲ့သို့ တွယ်ချိတ်ထားပြီး ဒါကသူမ(ဇာတ်ကောင်)နဲ့ အမြဲတမ်းအတူတကွရှိနေမည့်အရာလည်း ဖြစ်သည်။
သူမ၀င်လာသည်နှင့်တစ်ပြိုင်နက် အကြည့်စူးစူးတို့ကိုလက်ခံလိုက်ရသည်။ အချို့ကသူမကိုအံ့သြစွာကြည့်နေပြီး အချို့ကတော့မလိုလားစွာကြည့်နေကြသည်။ သူမကထိုအကြည့်များကို ခံစားမနေဘဲ ငြိမ်သက်စွာထိုင်နေလိုက်သည်။
သူမကလက်ပိုက်ပြီး သူမနာမည်ခေါ်လာမည့်အချိန်ကို
စိတ်ရှည်စွ စောင့်နေလိုက်သည်။ အခြားတစ်ဖက်မှာ လူအများကသူမကိုစူးစူးစိုက်စိုက်ကြည့်လို့နေတော့သည်။ သူ့တို့ထဲကအချိာ့ကသူမအလှကို မရှူနိုင်မကယ်နိာင် မနာလိုဖြစ်နေကြသည်။
ရှီဖန်းလို့ခေါ်တဲ့ အမျိုးသမီးဟာ သူမဘေးတွင်ထိုင်လို့နေသည်။ ဒီနေရာမှာရှိတဲ့လူတွေထဲမှာ သူမကအတော်ကိုနာမည်ရနေပြီဖြစ်ပြီး ပရတိတ်သတ်များလည်းပိုင်ဆိုက်ထားသေးသည်။
သူမကအကျော်ကြားဆုံးသော ရုပ်ရှင်များထဲမှ တစ်ခုတွင်ဒုတိယဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ဖူးလေသည်။ ဒါကြောင့်သူမဟာ ဒီရန်လိုတဲ့ဇာတိဆောင်နေရာဟာ သူမအတွက်ဖြစ်နေသကဲ့သို့ လွန်စွာစိတ်ကြီးဝင်နေတော့သည်။
ဒါပေမယ့်အခု လီရှောင်လုကိုမြင်လိုက်သည့်အခါ
'သူမကဘယ်လောက်တောင် ပြီးပြည့်စုံလိုက်သလဲ။
သူမဇာတ်ကောင်နေရာနှင့်ကွက်တိဝတ်ဆင်လာခဲ့သည်' သူမဒါကိုမြင်ပြီး နှုတ်ခမ်းတို့အလိုလိုစုကြုံ့မိတော့သည်။
ဘာကြောင့်လဲဆိုတာမသိပေမယ့် သူမကြောက်ရွံ့မှုအနည်းငယ်ကို ခံစားနေရသည်။
ВЫ ЧИТАЕТЕ
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
Любовные романыIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.
