အပိုင်း ၄၀

543 87 0
                                        

"မင်းရဲ့ရင်ခုန်ခြင်း..."
လူတစ်ယောက်ရဲ့ ရယ်မြူးနေသည့်အသံကိုကြားရသည်။

လီရှောင်လု မျက်လုံးဖွင့်ကာ ဖုန်းခေါ်သူနာမည်ကိုကြည့်လိုက်သည်။ အမည်မသိနံပါတ်တစ်ခု.....

"မစ္စတာ ရင်ခုန်ခြင်း ရှင်နံပါတ်မှားနေတဟ်လို့ ကျွန်မထင်တယ်နော်..." သူမက တုံးတိပြောကာ ဖုန်းချရန်ပြင်လိုက်သည်။ ထိုတစ်ဖက်မှလုကလည်း အလျင်စလိုပြန်ပြောလာ၏။
"ဟေး ရှောင်လုဖုန်းမချလိုက်နဲ့နော် ကိုယ့်မှာမင်းကိုအရေးကြီးပြောစရာရှိတယ်။"

သူမနာမည်ကိုကြားလိုက်သည့်အခါ အိပ်ချင်စိတ်တျု့လွင့်ပြယ်သွားသည်။ ဒီလူငါ့နာမည်ကိုသိနေတယ် ဘယ်သူလဲ?မျက်လုံးအစုံကိုမှေးကျဉ်းကာ သူမမေးလိုက်သည်။
"ရှင်ဘယ်သူလဲ,,"

"မင်းမကြားလိုက်ဘူးလား"

"ဘာ..." ရှောင်လု နောက်တစကြိမ်ပြန်မေးလိုက်သည်။

"ကိုယ့်ရဲ့နှလုံးခုန်သံကိုလေ...."
ထိုလူက ၀မ်းနည်းနေသည့်အသံဖြင့်ပြောသည်။ "ရှောင်လု မင်းလေးကဘာလို့ကိုယ့်ကိုခဏအတွင်းမေ့နိုင်ရတာလဲ..."

"ရှင်ဘယ်သူလဲဆိုတာ ကျွန်မကိုပြောမှာလား မပြောဘူးလား..."

"ရှောင်လု ကိုယ်တို့မနေ့ကတွေ့ခဲ့ကြတယ်။
ကိုယ့်ကိုဒီနေ့ကျ မင်းလေးကမေ့လိုက်ပြီ။
မင်းလေးကမရက်စက်လွန်းဘူးလား။
ဒီမှာ ကိုယ်ကတော့မင်းလေးကို နေ့ရောညရောသတိရနေတာ ဒါပေမယ့် မင်းလေးကိုကြည့်..မင်းလေးကတော့ ကိုယ့်ကိုသတိလေးတောင်မရပါလား။ ကိုယ်တို့အနမ်းလေးကို ဘယ်လိုမေ့ပစ်နိုင်ရတာလဲ ရှောင်လု...."

အရှက်မရှိတဲ့နှာဘူးကောင်.....သူမမျက်လုံးတို့ဝိုင်းစက်သွားကာ ဖုန်းကိုမထင်မှတ်ဘဲကြပ်ကြပ်ကိုင်မိလိုက်သည်။
"CEOကျန်းလား..."သူမသွားကြားထဲကလေသံနှင့် မေးသည်။

သူမရဟ်သံကိုကြားရသည်။
"ဆိုတော့ ကိုယ့်ကိုမှတ်မိပြီပေါ့ ရှောင်လု ပြီးတော့ ကိုယ်လုံးဝမမှားနေခဲ့ဘူးနော်။
ကိုဟ့်ရဲ့အံ့ချီးဖွယ်အနမ်းလေးကို မင်းဘယ်လိုမေ့နိုင်ပါ့မလဲ။ ဟုတ်တယ်ဟုတ် ရှောင်လုလေး..."

ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နားTahanan ng mga kuwento. Tumuklas ngayon