မနက်စာစားပြီးနောက် လီရှောင်လုကသူမဗိုက်ကို စိတ်ကျေနပ်သွာ ပုတ်လိုက်သည်။
ဒီလိုစားစရာမျိုးနေ့တိုင်းစားရဖို့ မျှော်လင့်မိသည်။
ကျစ်ဟန်ကိုကြည့်ပြီး မျက်မြင်ကိုယ်တွေ့မဟုတ်ရင် လုံးဝယုံနိုင်မှာမဟုတ်ဘူး။
ကောလဟာလတွေနဲ့ တစ်ခုမှတူမနေဘူးလေ။ သူကသူမကြားခဲ့ရတာတွေနှင့် လုံဝကွာခြားလွန်းနေသည်။
လူတွေက သူ့ကိုစိတ်ခံစားမှုမရှိ၊ ညှာတာမှုမရှိ၊အေးစက်သည်ဟုပြောကြသည်။
ဒါတွေတစ်ခုမှ သူ့ထံမှာမတွေ့ရပေ။
သူမအတွက်တော့ သူကအရှက်မရှိတဲ့နှာဘူးကောင်ပြီးတော့ ဟင်းချက်ကောင်းသည့်စားဖိုမှူးတစ်ယောက်ဖြစ်သည်။
သူကအနည်းငယ်အထက်စီးဆန်ပေမယ့် သူကကြောက်စရာမကောင်းပေ။သူသူမအနားမှာရှိနေရင် မရေရာသည့်အကြောင်းပြချက်တစ်ချို့ကြောင့် လုံခြုံမှုကိုခံစားရသည်။
သူသူမကိုနမ်းသည် တစ်ခါတစ်ရံစသည်။ သို့ဆသ်ာသူ့ကြောင့်သူမစိတ်အနှောက်အယှက်ဖြစ်သည်ဟု မခံစားရပေ။အဲ့ဒီ့အစား သူမသက်သောင့်သက်တာသာ ခံစားရသည်။
တစ်စုံတစ်ယောက် သု့ကိုစိုက်ကြည့်နေသည်ဟု ခံစားရသဖြင့်ဖုန်းကနေကြည့်လိုက်သည်။
"ကိုယ်ခန့်ညားတာ ကိုယ်သိပါတယ်။ ဒါပေမယ့် အရမ်းစိုက်ကြည့်နေဖို့မလိုဘူးလေ.. "
သူမမျက်လုံးကိုလှိမ့်လိုက်ပြီး ပြန်အော်လိုက်သည်။ "ကျွန်မရှင့်ကိုစိုက်ကြည့်နေတာမဟုတ်ဘူး။ ရှင်ဘာလို့တဘက်နဲ့ထိုင်နေသလဲစဉ်းစားနေတာ။ ၀တ်စရာအ၀တ်အစားမပါဘူးလား"
"ကိုယ့်လက်ထောက် အ၀တ်တွေယူလာနေပြီ" သူပြန်ဖြေလိုက်သည်။
"Oh!" သူမခေါင်းညိတ်လိုက်သည်။
သူမစကားပြောဖို့ပြင်စဉ်မှာပဲ တံခါးဘဲလ်က မြည်လာခဲ့သည်။ လက်ထောက်ဖြစ်ရမယ်....
ထပြီးသူမတံခါးဆီလျှောက်လာလိုက်သည်။ တံခါးဖွင့်လိုက်သည့်အခါ လေးထောင့်ပုံမျက်မှန်တပ်ကာ ၀တ်စုံတစ်စုံငိုင်ထားသည့် လူငယ်တစ်ယောက်ကိုတွေ့လိုက်သည်။
"ရှင်က ကျစ်ဟန်ရဲ့ လက်ထောက်ဖြစ်ရမယ်" သူမမေးလိုက်သည်။
"ဟုတ်ပါတယ် မဒမ်"
လက်ထောက်ရွှယ်ရိဟုန်က
သဘာဝကျကျပြန်ဖြေလာသည်။
VOUS LISEZ
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
Roman d'amourIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.
