အပိုင်း ၂၆

766 108 2
                                        

ရှောင်လုတိုက်ခန်းကို ရောက်သည့်အခါ ကျစ်ဟန်က သူမ၏ပိုက်ဆံအိတ်ထဲမှ တိုက်ခန်းသော့ကို ရှာလိုက်သည်။သူကတံခါးဖွင့်ကာ သူမကိုအိပ်ခန်းဆီသို့ခေါ်သွားလိုက်သည်။

သူ့လက်မောင်းကြားမှာ တိုးဝှေ့ကာအိပ်နေသည့် လှပတဲ့မျက်နှာလေးကိုကြည့်ကာ
သူသူမကို အိပ်ရာပေါ်သို့မတင်ချင်ပေ သို့ပေမယ် သူကညင်သာစွာအိပ်ရာပေါ်တင်ပေးလိုက်သည်။သူမကို ဂရုတစိုက်အိပ်ရာပေါ်တင်ပေပြီးနောက် သူကစောင်ကိုလုံအောင်ခြုံပေးလိုက်သည်။

ကျစ်ဟန်က ပတ်ပတ်လည်ကိုလှည့်ကြည့်ပြီး
မျက်မှောင်ကြုတ်သွားတော့သည်။
ဒီတိုက်ခန်းက သိပ်ကိုနုံချာလှသည်။
သူမဒီမှာ ဘယ်လိုနေနိုင်ရတာလဲ။
ကြည့်ရတာ သူမကိုပိုပြီးမြန်မြန်လေးပိုးပန်းရတော့မဟ်ထင်တယ်.........

(🤪အထင်လွဲနေတာကိုပဲအရင်ရှင်းပါအကို)

သူထွက်သွားဖို့ ဟန်ပြင်စဉ်မှာပဲ
သူ့လက်ကို သူမလာကိုင်တာကိုခံစားလိုက်ရပြီး သူမကတိုးတိုးလေးညည်းညူးနေသည်။

"ကျွန်မကို တစ်ယောက်တည်းမထားခဲ့ပါနဲ့"

သူ့နှလုံးသားကနာကျင်သွားပြီး
သူမကို သူ့လက်ကိုင်ခွင့်ပြုထားရင်း သူမဘေးမှာထိုင်နေလိုက်သည်။သူမနဖူးကိုနမ်းလိုက်ပြီး ရှေ့မှာကျနေသည့်ဆံပင်ကို သူမနားအနောက်သို့ညှပ်ထားပေးလိုက်သည်။

သူ့ဘ၀မှာသူမနှင့်အတူတကွနေထိုင်ရှင်သန်နိုင်ဖို့ သူမစောင့်နိုင်တော့ပေ......

သူသူမကိုစတွေ့သည့်ဆန့ကိုစဉ်းစားမိပြီး
ကျစ်ဟန်ပြုံးလိုက်သည်။ မနေ့တစ်နေ့ကကဲ့သို့ပင် သူအမှတ်ရနေစဲဖြစ်သည်။

လွန်ခဲ့သည့် ခြောက်လက ရှောင်လုကိုစတွေ့ခဲ့ပြီး ထိုနေ့သည်သူ့ဘ၀တွင်အလှဆုံးနေ့ဖြစ်ခဲ့သည်။ထိုနေ့က သူရင်ခုန်ခြင်းကို ခံစားခဲ့ရသည်။ သူ ဟာ သက်ရှိတစ်ယောက်လို့ စတင်ခံစားခဲ့ရသည်။ထိုနေ့သည် လီရှောင်လုဟု အမည်ရသည့်မိန်းပလေးကို သူစတင်ချစ်မိခဲ့သည့်နေ့ဖြစ်သည်။

သူက အရေးကြီူပစည်းအဝေးကိုသွားနေသည့် ကားထဲတွင်ရှိနေခဲ့သည်။ မီးပွိုင့်နီသည့်အခါ ကားကိုရပ်လိုက်သည်။သူက ဖုန်းကဆနတစ်ဆင့် သူ့လက်ထောက်ကို ညွှန်ကြားနေခဲ့သည်။ သူ့မျက်လုံးတွေ မိန်းကလေးတစ်ဉီးအပေါ်မှာ ကျသွားသည့်အခါအရာအားလုံးရပ်တန့်သွားတော့သည်။

ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နားМесто, где живут истории. Откройте их для себя