လီရှောင်လု ငှက်ပိတုန်းလေးကဲ့သို့ သီချင်းညည်းရင်း သူမ၏မင်္ဂလာဝတ်စုံကိုကြည့်လိုက်သည်။ ဤ၀တ်စုံသည် သူမဖန်တီးခဲ့ပြီးသော ဒီဇိုင်းများထဲမှ အလှပဆုံးနှင့်အဖိုးတန်ဆုံးဖြစ်လေသည်။
ယနေ့သည်သူမ၏ သူမဘ၀ရဲ့အချစ် ချန်းယုဖန်တို့ရဲ့ လက်ထပ်ပွဲနေ့ဖြစ်ပြီး သူမကယုဖန်နဲ့လက်ထပ်ပြီးတဲ့အခါ သူ့ဇနီးဖြစ်လာတော့မှာကြောင့် အလွန့်အလွန်ဝမ်းမြောက်နေပေသည်။ဤနေ့သည် လီမိသားစု၏အကြီးဆုံးသမီးအဖြစ်ရော ကျော်ကြားတဲ့ ဖက်ရှင်ဒီဇိုင်နာ,LXအဖြစ်ပါ ကမ္ဘာကြီးကို မိတ်ဆက်ရမည့် ပထမဆုံးနေ့ဖြစ်လေသည်။
သူမအတွေးနဲ့ဗျာများနေတာကြောင့် သူမညီမ လီရုန့်လန်နဲ့ သူမရဲ့အချစ်ဆုံးသူငယ်ချင်း မန်ရွှယ်မင်တို့ အခန်းထဲဝင်တာတောင် သတိမထားလိုက်မိဘူး။ ဆူဆူညံညံအသံကြားမှ သူမကလှည့်ပြုံးပြရင်း သူတို့ကိုခေါ်လိုက်သည်။
"ရုန်လန် ၊ ရွှယ်မင်"
ရုန်လန်ကသူမရဲ့ မင်္ဂလာဝတ်စုံစီကိုလျှောက်ပြီး
ဝတ်စုံတစ်ခုလုံးခြုံကြည့်ကာ စကားစပြောလေသည်။"မမ နင်ကလှပတဲ့ဝတ်စုံတစ်စုံ ဘယ်လိုဖန်တီးရမယ်ဆိုတာ ကောင်းကောင်းသိတာပဲ"
ရုန့်လန် ပြောပြီးသည်နှင့် ရွှယ်မင်က ရှောင်လုကိုမေးငေါ့လှောင်ပြောင်လိုက်သည်။
"ဒါပေမယ့် သူမဒီလှပတဲ့ဝတ်စုံကိုမ၀တ်နိုင်တာ သနားစရာပဲ အဟက်"
သူတို့ပြောတာကိုနားထောင်ရင်း သူမရဲ့မျက်မှောင်အလိုလိုကြုတ်လာတော့သည်။
သူတို့ဆိုလိုနေတာတွေ သူမတစ်ခုမှနားမလည်နိုင်သေးပါဘူး။"ရွှယ်မင် နင်ဘာကိုဆိုလိုတာလဲ"
ရွှယ်မင်ကရယ်လိုက်ပြီး
"ငါဘာကိုဆိုလိုတာလဲ ဟုတ်လား " သူမကရုန့်လန်ကိုတစ်ချက်ကြည့်ပြီး
"ရုန်လန် ငါတို့ဘာဆိုလိုတယ်ဆိုတာ သူမကို
သက်သေပြလိုက်ရအောင်""အစောင့်တွေ"
ရုန်လန်ကသူမကို သရော်ပြုံးပြုံးပြီးကြည့်နေရင်း
အစောင့်များကို လှမ်းခေါ်လိုက်လေသည်။
သူမခေါ်ပြီးသည်နှင့် ခန္ဓာကိုယ်တောင့်တောင့်အမျိုးသားလေးယောက် ၀င်လာပြီး သူတို့သခင်မရဲ့ အမိန့်ကိုနာခံဖို့အသင့်အနေအထားနှင့် စောင့်ဆိုင်းနေကြသည်။
![](https://img.wattpad.com/cover/270700942-288-k630689.jpg)
أنت تقرأ
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
عاطفيةIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.