Ah............
လီရှောင်လုလေကိုပင့်သက်ရှူလိုက်ရင်းနိုးထလာခဲ့သည်။ သူမတစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာခဲ့သည်။ သူမပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
{ငါဘယ်မှာလဲ။ ဘယ်သူငါ့ကို ကယ်တင်ခဲ့တာလဲ}
လီရှောင်လုသူမနေအိမ်မှာပဲဆိုတာကို သတိပြုမိတဲ့အခါ မျက်လုံးများပြူးကျယ်ဝိုင်းစက်သွားတော့သည်။
သူမရဲ့ခြုံစောငို ဆွဲခွါပစ်ရင်း မီးလောင်ဒဏ်ရာတွေကို စစ်ကြည့်ဖို့ မှန်ရှ့သွေားလိုက်သည်။
မှန်ကိုကြည့်ပြီး လီရှောင်လုပိုမုရှုပ်ထွေးသွားပြန်သည်။ ဘာမီးလောင်ဒဏ်ရာမှ ရှိမနေပေ။ မီးကအင်မတန်ကြီးတာကို သူမသတိရသည်။
သို့သော် သူမကိုယ်ပေါ်တွင် မီးလောင်ဒဏ်ရာ ရှိမနေခြင်းသည် မည်သို့မျှမဖြစ်နိုက်ပေ။
သူမမေးစေ့ကိုကိုင်ကာ ဟိုဘက်သည်ဘက်လှည့်ကြည့်သည့်အခါ
မီးလောင်ဒဏ်ရာရှိမနေသည့်အပြင် ပိုမိုငယ်နေသယောင်~~~
သူမမျက်လုံးတို့ မှန်ဘေးမှာချိတ်ထားသည့်
ပြက္ခဒိန်ပေါ်သို့ကျရောက်သွားပြီး
ရက်စွဲကိုအထိတ်တလန့်ကြည့်ကာ သူမမျက်လုံးတို့ပြူးကျယ်သွားခဲ့သည်။
မစတင်မီ သုံးနှစ်...............
စိတ်လှုပ်ရှားသည့်ခံစားချက်နဲ့အတူ ရှောင်လုသူမပါးစပ်ကိုဟပြီးပြန်ပိတ်လိုက်သည်။ သူမဘာပြောရမှန်းမသိပေ။
သူမကိုယ်သူမလက်သည်းဖြင့်ဆိတ်ကြည့်လိုက်သည်
သူမနာကျင်မှုကြောင့် မျက်နှာရှံ့မဲ့သွားပြီး
ဒါကအစစ်အမှန်ဖြစ်တယ်ဆိုတာကို လက်ခံလိုက်ရတော့သည်။
သူမတစ်ဖန်မွေးဖွားလာခဲ့သည်။
ကောင်းကင်ဘုံက သူမကိုဒုတိယအကြိမ်အခွင့်အရေးပေးခဲ့သည်။
လီရှောင်လုသူမကိုယ်သူမမှန်ထဲပြန်ကြည့်ပြီး နှစ်နှစ်ခြိုက်ချြုကိရယ်လိုက်သည် ။
ဒါ တကယ်ပါပဲလား~••
လီမိသားစု၊ လီရုန့်လန်၊ မန်ရွှယ်မင် ၊ ချန်းယုဖန်
နင်တို့ပြန်ပေးဆပ်ရမယ့်အချိန်ပဲ~~~
သူမမှတ်မိတာ မှန်မည်ဆိုလျှင်သူမနဲ့ချန်းယုဖန်ကြားက ဆက်ဆံရေးက တစ်နှစ်ရှိနေပြီး သူမကရုန့်လန်နဲ့ရွှယ်မင်တို့ရဲ့ အသက်မွေးဝမ်းကြောင်းမှာ ကူညီနေပြီဖြစ်သည်။
နောက်ပြီးသူမက ကိုယ်ပိုငိဒီဇိုင်းစတူဒီယိုတစ်ခုကို
စတင်ဖို့ပြင်ဆင်နေချိန်ဖြစ်ပေသည်။
ВЫ ЧИТАЕТЕ
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
Любовные романыIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.
