ကျစ်ဟန်- "ဘာလို့လဲ"
ဟုယုထျန် အံ့သြလို့သွားသည်။
မကောင်းဆိုးဝါးကြီး၏အသံကနူညံ့နေသည်မဟာတ်ပါလား။
ဟုယုထျန်ကတခစ်ခစ်ရယ်ကာ
"သူမကသရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်ချင်ပြီးငါ့ကုမ္ပဏီကိုရွေးချယ်ခဲ့တယ်။
အခုလေးအဲငါတို့လက်မှတ်ထိုးပြီးတာ။"
ကျစ်ဟန်-"ဟမ်း~~"
"ဒါပဲလား။ မင်းမှာ'ဟမ်း ဆိုတာကလွဲပြီးပြောစရာမရှိတော့ဘူးလား။ ဒါပေမယ့်တစ်ခုတော့ပြောလိုက်မယ် သူမကအရမ်းလှပြီး ငါ့ကိုမြင်တုန်းကရှော့ခ်ရသွားခဲ့တယ်။
ငါသိပ်ချောနေလို့များလား။ တကယ်လို့ငါ့ချောမောမှုမှာ သူမပျော်ဝင်သွားရင် မင်းဘယ်လိုလုပ်မလဲ"
ဟုယုထျန်က ဒီခံစားချက်ကင်းမဲ့လွန်းသည့်သူငယ်ချင်းစီမှ တုံ့ပြန်ချက်အချို့ရရန်ပြောဆိုလိုက်သည်။
ကျစ်ဟန်- "သူမမျက်လုံးမကန်းဘူး"
ဟုယုထျန်-"......"
ဘာကြောင့်ဒီမကောင်းဆိုးဝါးနဲ့သူငယ်ချင်းဖြစ်နေရတာလဲπ_π
"ကျစ်ဟန် မင်းကလွဲပြီးငါ့ရဲ့အလှတရားကိုယှဉ်နိုင်တဲ့သူမရှိဘူး ပြီးတော့ရှောင်လု" သူဆက်ပြောဖို့လုပ်ပေမယ့် ကျစ်ဟန်ကသူ့ကိုစကားအချို့နဲ့ ရပ်တန့်စေလိုက်သည်။
"မင်းနဲ့ ရှောင်လုကနီးကပ်ကြလား"
ကျစ်ဟန်မေးလိုက်သည်။
ဟုယုထျန်က ကိုယ်လုံးကိုကြောက်ရွံ့စိတ်ပျံ့နှံ့လာပေမယ့် သူ့ကိုယ်သူထိန်းလိုက်သည်။ သူကဘ၀င်ခိုက်တဲ့အပြုံးကိုဆင်မြန်းပြီး
မေးစေ့ကိုပွတ်ကာ
"ဒါပေါ့ သူမကငါ့လက်အောက်ကအနုပညာရှင်ဆိုတော့ ငါတို့သေချာပေါက် နီးကပ်လာမှာ"
ယုထျန် ကျစ်ဟန်ရဲ့ရယ်သံကိုကြားနေရသည်။
ကျွန်တော် ဒီမကောင်းဆိုးဝါးကြီးကို ရန်အများကြီးစမိပြီလား။
သူ့နှလုံးသားဟာ တွေးလို့မရတဲ့အမြန်နှုန်းနဲ့ ခုန်လို့နေပြီ။
"ယုထျန် ငါတို့မတွေ့တာအတော်ကြာပြီဆိုတော့
ငါမင်းဆီကိုအလည်အပတ်လာပေးရမလား"
ကျစ်ဟန်မေးခဲ့သည်။
အိုး...ကျွန်တော်ဒီမကောင်းဆိုးဝါးကြီးကို လုံးဝရန်စမိသွားတာပဲ။ ယုထျန်ကကြောက်ရွံ့နေတဲ့ရယ်သံနဲ့အတူ ပြန်ဖြေလိုက်သည်။
ВЫ ЧИТАЕТЕ
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
Любовные романыIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.
