လီမိသားစုမှာရှိတဲ့လေထုက များစွာသော ဂုဏ်သရေရှိလူများနှင့် လိုက်လျောညီထြွေဖစ်နေသည်။
လီရိုဘင်းနှင့်ယုရူရှီတို့၏ မျက်နှာတွင်အပြုံးကြီးကြီးများကိုချိတ်ဆွဲရင်း
သူတို့ကိုၔည့်ခံနေကြသည်။
အသက်၄၀ကျော်ထဲရောက်နေတာတောင်မှ
လီစုံတွဲက အနှန်တကယ်ငယ်ပြီး စွမ်းအင်ပြည့်ဝဟန်ပေါ်သည်။ လူတိုင်းကသူတို့စုံတွဲနှင့် ကလေးတွေကိုချီးမွမ်းနေကြသည်။ အစေခံများစွားၔည့်သည်များကိုဝန်ဆောင်မှုပေးနေစဉ်မှာပင် လှပတဲ့သံစဉ်ကိုတီးခတ်နေပြီး ပတ်ဝန်းကျင်ကလင်းထိန်နေကာ စိတ်ချမ်းသာမှုဖြစ်စေသည်။
လွန်ခဲ့တဲ့၁နှစ်ကစလို့ လီမိသားစုရဲ့အခြေအနေသည်
တဖြည်းဖြည်းမြင့်တက်လာသည်။ ၄င်း၏စီးပွားရေးက ငယ်ရွယ်တဲ့CEOလီရိဖန်လက်အောက်တွင်
တမုဟုတ်ချင်းတိုးတက်လာသည်။
ဒါကြောင့် လူအများစုက သူတို့ရဲ့ မျက်နှာသာပေးမှုရအောင်သူတို့သမီးတွေကို
ခေါ်လာကြသည်။
(T/Nနွားသမက်လာဖမ်းကြတာပေါ့ကွယ်)
များစွာသော မိန်းမပျိုတွေ သူမဆီကမျက်နှာသာရဖို့ကြိုးစားနေတာကို
ယုရူရှီအလွန်ပျော်ရွှင်နေသည်။ ထိုအချိန်တွင် လီရိုဘင်းနဲ့ လီရိဖန်ကတော့ များစွာသောစီးပွားရေးလုပ်ငန်းရှင်များနှင့် ဆွေးနွေးလို့နေသည်။
လူစုံလုနီးပါးဖြစ်နေတဲ့ အတွက်ကြောင့်
လီစုံတွဲက ခန်းမအလယ်ကိုလျှောက်သွားပြီး
အာရုံစိုက်မှုကို ရစေလိုက်သည်။
လီရိုဘင်းက ဂုဏ်ယူစွာပြုံးရင်း
"ဒီနေ့ ဒီနေရာကိုလာပြီး
ကျုပ်တို့အောင်မြင်မှုကို ကျင်းပပေးလို့ကျေးဇူးတင်ပါတယ် လို့ပြောချင်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်ကလေးတွေအတွက် အလွန်ဂုဏ်ယူတယ်။
အထူးသဖြင့် လီရိဖန်ပေါ့။ သူကသားလိမ္မာတစ်ယောက်တင်မဟုတ်ဘူး အလွန်အရည်အချင်းရှိသေးတာ။ဒါကြောင့် သူ့ကိုဂုဏ်ပြုဖို့ ဒီဝိုင်ခွက်မြှောက်ပါရစေ။"
သူ့ကိုက့ည့်ရင်းပင် လူတိုင်းကဝိုက်ခွက်ကိုမြှောက်ပြီး အသိအမှတ်ပြုလာကြသည်။
လီရိုဘင်းက သူ့သားကိုCEOကျန်းနဲ့မိတ်ဆက်ပေးချင်သော်လည်း
သူ့တွင်သတ္တိမရှိပေ။ သူစကားမစဘဲနဲ့ ဘယ်သူမှသူ့ကိုမချဉ်းကပ်ရဲပေ။
သူ့ရဲ့ပါဝင်တက်ရောက်မှုကပင် သူ့အတွက်ဂုဏ်ယူစရာပင် ပြီးတော့ဒါကိုပျက်စီးစေလောက်တဲ့အထိ
မရူးသေးပေ။
ВЫ ЧИТАЕТЕ
ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နား
Любовные романыIN ZAW GYI VERSION This story is not my own. Its just a translated one. credit to original author and translator.
