အပိုင်း ၇

837 105 0
                                        

ညနေခင်းရောက်တော့
လီရှောင်လုအိပ်ရာမှထကာ
မှန်ရှေ့လျှောက်သွားလိုက်သည်။
သူမကိုယ်သူမကြည့်ကာ မျက်ခုံးတို့
တွန့်ချိုးသွားတော့သည်။

သူမ၏ဖြူဖွေးသောမသားအရည်နှင့်
ပွယောင်းယောင်းအ၀တ်အစားများကို ကြည့်လိုက်သည်။ သူမမှာလှပပြီး ကောင်းမွန်သည့်
ပုံရိပ်ရှိတာ သူမသိခဲ့သည်။ သို့ပေမယ့် သူမအမေရဲ့
အလှအပကိုဖုံးကွယ်ခိုင်းမှုအပေါ်
နားထောင်ခဲ့သည်။

ဒါပေမယ့်အခုအချိန်ဟာ အရာအားလုံး
ပြောင်းလဲရမည့်အချိန်ဖြစ်သည်။
သူမဒူးလောက်ရှည်သည့် ပေါ့ပေါ့ပါးပါးပန်းရောင်
ဂါဝန်လေးကိုဝတ်ဆင်ကာ ဆံပင်ကို ပိုးနီတေးအမြင့်လေးစည်းလိုက်သည်။
သူမကိုအသက်ငယ်ပြီး ချစ်စရာကောင်းစေသည်။

[ဒါပဲလေ......]
မှန်ထဲကသူမကိုယ်သူမ ချီးကျူးလိုက်သည်။
စားပွဲပေါ်က စာရွက်ကလေးကိုဆုပ်ကိုင်ကာ
သူမပိုက်ဆံအိတ်ထဲထည့်ခဲ့သည်။
ထို့နောက် တက်စီတစ်စီးငှားကာ
"Sunshine Cafe"သို့
ထွက်္လာခဲ့သည်။

ရောက်သည်နှင့် ကဖေး၏ထောင့်ခုံလေးကိုယူကာ
သူမအတွက်ကော်ဖီတစ်ခွက်
မှာယူလိုက်သည်။
လီရှောင်လု စိတ်လှုပ်ရှားမှုကို
ခံစားနေရသည်။ဒါကသူမရဲ့ တစ်ခုတည်းငောအခွင့်အရေးဖြစ်သည်။
သူမသာဒါကိုအဆင်ပြေခဲ့မယ်ဆိုရင်
လုံးဝကိုကြီးကျယ်ခမ်းနားနေပေလိမ့်မည်။

သူမကော်ဖီတစ်ငုံကို စုပ်သောက်ရင်း
တံခါးဆီသို့ မျက်ခုံးတို့တွန့်ချိုးလျက်
ကြည့်လိုက်သည်။

သူမဒီမှာရှိနေသင့်ပြီမဟုတ်လား?
အချိန်ကဒီအချိန်နီးပါးပါ.........

ရုတ်တရက်တံခါးပွင့်သွားပြီး
အမျိုးသမီးတစ်ယောက်လျှောက်ဝင်လာသည်။
သူမကခုံတစ်ခုမှာထိုင်ကာ
စားပွဲထိုးအမျိုးသမီးကို
တစ်စုံတစ်ခုမှာခေသည်။
လီရှောင်လု ထိုအမျိုးသမီးကိုကြည့်ရင်း
ပြုံးလိုက်သည်။

[ရန်းမီ]

ရန်းမီသည် ဖျော်ဖြေရေးနယ်ပယ်တွင် ထိပ်တန်းကုပ္မဏီဖြစ်သည့် "အံ့ဖွယ်စကြာဝဠာ"
ကုပ္မဏီတွင် မန်နေဂျာအဖြစ် အလုပ်လုပ်နေသူဖြစ်သည်။
သူမကအလွန်ထက်မြတ်ကာ
ထိပ်တန်းအနုပညာရှင် နှစ်ယောက်ကို
မွေးထုတ်ပေးထားသည်။

ခင်ပွန်းသည်၏အလိုလိုက်ခြင်းခံရသောဇနီး(Secret Marriage)ရပ်နားDonde viven las historias. Descúbrelo ahora