[Unicode]
ဝေါ! ဝေါ!
မိုးများသည် သည်းသည်းမည်းမည်းဖြင့် မညှာမတာရွာနေ၍ လောကကြီးအားကျိန်စာတိုက်နေသည်။ သက်ကယ်မိုးအိမ်၌ အသက်နှင့်ရင်း၍ သားဖွားနေသည့်မိခင်တစ်ဦး။ လျှပ်စီးကြောင်းများက လောကကြီးထဲရောက်မလာသေးသည့် ကလေးငယ်အား အငြိုးကြီးစွာစိန်ခေါ်နေသယောင်။
"အား! အင့်!"
ဝုန်း!
မိခင်ဖြစ်သူအော်ညည်းသံနှင့်အပြိုင် မိုးကြိုးခြိမ်းသံများဆူညံနေတော့၏။ ဝေါခနဲရွာချနေသော မိုးလုံးများကလည်း ဟောင်းနွမ်းသည့်သက်ကယ်မိုးကြား ထိုးဖောက်ဝင်ရောက်လာသည်။ မိခင်ဖြစ်သူ၏ မျက်နှာထက်တွင် ချွေးစောများနှင့် မိုးစက်အချို့တွဲခိုနေ၍....
"အား!"
"ထွက်ပြီ ကလေးထွက်လာပြီ"
"အားတင်းထား သတိမမေ့စေနဲ့"
ဘေးနားက ကလေးမွေးလက်သည်များက သူ့အားသတိပေး၍ ထွက်လာသည့်ကလေးကို သန့်စင်ဆေးကြောပေးသည်။
"အင့်!"
မေ့မျောလုလုအချိန်တွင် အားကုန်ညှစ်၍ မိခင်ဖြစ်သူသတိလစ်သွား၏။
"အူဝဲ...အူဝဲ"
"နောက်ထပ်တစ်ယောက် "
"ဟင် အမွှာတွေလား"
"အမွှာတဲ့"
အမွှာဆိုသည့်အသံကြောင့် အားလုံးထိန့်ထိန့်ပြာပြာဖြစ်သွားကြ၏။ ကလေးမွေးပေးသည့် လက်သည်များလည်း ဆွံ့အ,သွား၍ ကလေးအား ကြမ်းပြင်၌ချပစ်လိုက်ကာ မည်သူကမှဆက်မ၍ ချီရဲတော့ချေ။
"ကလေးအမေအသက် မရှိတော့ဘူး"
"အရင်မွေးတဲ့ သားလေးလည်းအသက်မပါလာဘူး"
"အူဝဲ အူဝဲ"
အသည်းသန်အော်ငိုနေသော ကလေးအား မည်သူကမှမချီ၊ မည်သူကမှမချော့သိမ့်ချေ။ အပြင်တွင် မိုးကြိုးလျှပ်စီးကြောင်းများက ကောင်းကင်တခွင်တုန်ဟီးနေသည်။ တစ်ခါတစ်ခါ နတ်ဘုရားဒေါသထွက်နေသလားတောင် ထင်ရသည်။
"သူကြီး သူကြီး..."
အပြင်တွင် ရပ်စောင့်နေကြသည့် အမျိုးသားတစ်သိုက် ရွာအဝင်လမ်းကပြေးလာသည့် လူတစ်ယောက်ကို လှည့်ကြည့်လာသည်။ မိုးရေကြားတွင် ဟောဟဲ ဟောဟဲဖြင့်အသက်ပြင်းပြင်းရှူ၍ မောဟိုက်နေသောသူက တစ်ခုခုပြောရန်ကြိုးစားနေသည်။
YOU ARE READING
တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]